Article
ရေးသူ။။ (ဖွံ့ဖြိုးမှု- မဟာ) ချိုရတနာနိုင်း
ချိုချိုရီ (၉/မနမ(နိုင်) ၀၉၄၉၀၂)
ဥက္ကဌ ( Equity NGO Myanmar )
နေရပ်။။ ၂၇/၁ မြေညီထပ်၊ ထန်းတပင်လမ်းအနောက်ပိုင်း၊ ကမာရွတ်(၃)၊ လှည်းတန်း၊ ရန်ကုန်။
ဖုန်း - ၀၁ ၅၀၀၂၃၉၊ ၀၉ ၂၀၁၇၄၀၄၊ ၀၉ ၄၂၃၇၄၃၀၁၃
၁။၁၉၉၇UNDP ကမ္ဘာ့ဘဏ်ဝတ်(ဘ်)ဆိုဒ်၊ဗြိတိသျှကောင်စီ၏လူထုရေးရာကိစ္စများဌာန(၁၉၉၉) မှကိန်းဂဏန်း အချက်အလက်များ။
၂။ဓနသဟာရရန်ပုံငွေအဖွဲ့(၁၉၉၆)
၃။အာရှဖွံ့ဖြိုးမှုဘဏ်နှင့်ကမ္ဘာဘဏ်တို့၏အစီရင်ခံစာများ(၁၉၉၃) နှင့်ကုလသမ္မဂ္ဂဖွံ့ဖြိုးမှုရံပုံငွေအဖွဲ့(လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီရင်ခံစာ(၁၉၉၇))
၄။ဒေါက်တာသန်းထွန်းစိန် (MBBS,MPH,PhD) ၏ ဟောပြောပို့ချချက် အပေါ် အပြန်အလှန် ဆွေးနွေးချက် မှတ်စုများ(၂၅ ဇွန်လ ၂၀၁၆၊ KLC-YU)
ခေါင်းစဉ်။။“အရပ်ဘက်အဖွဲ့အစည်းများတွင် အကြုံးဝင်သော သမဝါယမအဖွဲ့များနှင့် (NGO) များ၏ ကဏ္ဍ”
(၁၉၈၈)တွင် ဆိုရှယ်လစ်စနစ်မှ အခြားစနစ်တစ်ခုဆီသို့ ဦးတည်ချီတက်လာသော အမိမြန်မာနိုင်ငံတော် သည် နှစ်(၂၀)အကြာ (၂၀၀၈)ခုနှစ် အရောက် နာဂစ် လေဘေးဆိုး ကြုံစဉ်အခိုက် လူမှုရေးဝန်ဆောင်မှုပေးသည့် မြန်မာနိုင်ငံအခြေစိုက် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းများ၏ တည်ဆဲအရေအတွက်နှင့် အရွယ်ပမာဏကို လေ့လာလျှင် အထင်အရှား(၆)ဖွဲ့နှင့် မထင်မရှား(၁၀)ခုထက်မပိုသော (NGO) အဖွဲ့အစည်းများရှိကြောင်းကို တွေ့မြင်ခဲ့ရသည်။ ထိုမှတဖန် နာဂစ်ကယ်ဆယ်ရေးနှင့်အတူ တစ်ခေတ်ဆန်းလာသော လူမှုအဖွဲ့အစည်းများ ထူထောင်ခွင့်ကို စည်းဘောင် အကန့်အသတ်ဖြင့် ရွေးချယ်ဖွဲ့စည်းခွင့်ပေးခြင်းသည် (၂၀၁၅)ခုနှစ် ကုန်သည်အထိ ရှင်သန်လာခဲ့သည်။ (၂၀၁၆)တွင် လက်ရှိတည်ရှိဆဲ မှတ်ပုံတင်ပြီးနှင့် မှတ်ပုံတင်ဆဲ (NGO) အသွင်ဆောင် အရပ်ဘက်အဖွဲ့အစည်း အမျိုးမျိုး ကို လေ့လာလျှင် နိုင်ငံတကာ အဖွဲ့များနှင့် ဒေသစိတ်များ အဆင့် မပါ ပြည်ထောင်စုအဆင့်နှင့် ဒေသခံမြန်မာအမျိုးသား (NGO) အဖွဲ့များ စုစုပေါင်း (၁၀၀၀) ကျော်ပြီဟု သိရသည်။ (၂၀၁၆) နှစ်ကုန်ဆိုလျှင် စုစုပေါင်း (၁၂၀၀) ခန့်လောက် အထိ ရောက်ရှိသွားနိုင်သည်ဟု ခန့်မှန်းခဲ့ကြရာ ရုန်းကန်နေဆဲ အမိမြန်မာနိုင်ငံအတွက် တတိယ ကဏ္ဍကြီး ဖြစ်သည့် အရပ်ဘက်လူ့အဖွဲ့အစည်း စာရင်းတွင် ပါဝင်သော (NGO) များ၏ အရေအတွက်နှင့် အရည်အသွေးကို ဖွံ့ဖြိုးစေရန် အားပေး ထိန်းကျောင်းခြင်းသည် အရေးပါလာပြီ ဖြစ်သည်။ ထိုတတိယကဏ္ဍ၏ အရေးပါမှုသည် ကျန်ကဏ္ဍနှစ်ခုဖြစ်သော အစိုးရအဖွဲ့အစည်းများ၏ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရေး နှင့် ပုဂ္ဂလိက စီးပွားရေး အစုအဖွဲ့များ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဟန်ချက်ညီညီ အလယ်မှ ထိန်းညှိပေးနိုင်မည်ဟု ယုံကြည်စရာ အကြောင်းတရားလည်း ရှိလာပြီ ဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ သိသိသာသာ အရှိန်မြင့်ဖွံ့ဖြိုးလာသည့် (NGO) နှင့် အခြားသော အရပ်ဘက်အဖွဲ့အစည်းများ အကြောင်းကို ကမ္ဘာ့စာလက်တွေ့ မှတ်တမ်းများနှင့် ထင်ဟပ်လျှက် ကြိုးစား လေ့လာခြင်းဖြင့် အောက်ပါတို့ကို တစေ့တစောင်း သိရှိလာရသည်။
အရပ်ဘက်(လူထု)အဖွဲ့အစည်းဆိုသည်မှာအစိုးရအဖွဲ့နှင့်ပြည်သူလူထုကြားမထိမစပ်မတွေ့ဆုံနိုင်သည့် ကွက်လပ်(သို့မဟုတ်) ထိစပ်တွေ့ဆုံနိုင်ရန်ခဲယဉ်းသည့်နေရာများကိုဖြည့်စွက် ပေါင်းကူးပေးရသည့်အဖွဲ့အစည်းများဖြစ်သည်။အရပ်ဘက်(လူထု)အဖွဲ့အစည်းများတွင်စနစ်တကျဖွဲ့စည်းထားသည်ဖြစ်စေ၊ဤသို့မဟုတ်သည်ဖြစ်စေ၊မိမိစိတ်ဆန္ဒဖြင့်မိမိလွတ်လပ်စွာ
ဖွဲ့စည်းထားသောအုပ်စုများပါဝင်ပြီးလူမှုရေးအရ၊နိုင်ငံရေးအရ၊စီးပွါးရေးအရအပြန်အလှန်ပတ်သက်လုပ်ဆောင်နေသောအုပ်စုများဖြစ်ကြကာ၎င်းအုပ်စုဝင်များ၏(သို့မဟုတ်)အဖွဲ့သားများ၏ ဘုံအကျိုးစီးပွါးအလို့ငှါလုပ်ဆောင်နေသည့်အဖွဲ့အုပ်စုများကိုဤသို့ခေါ်ဆိုခြင်းဖြစ်သည်ဟုကုလသမဂ္ဂဖွံ့ဖြိုးရေးအဖွဲ့က(၁၉၉၇)ခုနှစ်တွင်အဓိပ္ပါယ်ဖွင့်ဆိုထားသည်။အရပ်ဘက်(လူထု)
အဖွဲ့အစည်းတစ်ခုသည်အစဉ်အလာအရတည်ရှိပြီးဖြစ်သောအသင်းအဖွဲ့များနှင့်ဘာသာရေးအခြေပြုလုပ်အားပေးအုပ်စုများမှတစ်ဆင့်ဖွံ့ဖြိုးတိုးတက်လာခဲ့ကြပြီးနိုင်ငံအတော်များများတွင်
နိုင်ငံရေးဆိုင်ရာ၊လူမှုရေးဆိုင်ရာ၊ဘာသာရေးဆိုင်ရာထောက်ခံလှုပ်ရှားမှု၊ဆန့်ကျင်လှုပ်ရှားမှုများမှတစ်ဆင့်မြေတောင်မြှောက်ပေးခြင်းကြုံခဲ့ကြရသည်။ယခုအခါဘာသာရေးမတူညီမှု၊
လိင်ကွဲပြားမှု၊လူမျိုးရေး၊ယဉ်ကျေးမှုနှင့်ဘာသာစကားမတူညီမှုများကိုအခြေပြု၍သီးခြားစီဖြစ်စေ၊အလုံးစုံပါဝင်အောင်ဖြစ်စေဖွဲ့စည်းထားကြပြီးဒေသခံလူထုအပါအဝင်ဖြစ်သော
မြို့ရွာရပ်ကျေး ရပိုင်ခွင့်ဆိုင်ရာအုပ်စုများ၊ ပြည်သူပြည်သားများအရေးကို စောင့်ကြည့်ပြန်ပြောကော်မတီဝင်များ၊ သမဝါယမများ၊ကလပ်အဖွဲ့ဝင်များ နှင့် ဝါသနာတူ ဘဝအခြေတူ အသက်မွေးဝမ်းကျောင်းတူ အုပ်စုဝင်များနှင့်ကုန်သွယ်ရေး သမဂ္ဂများစသဖြင့်မတူကွဲပြားသောအဖွဲ့အစည်းများပါဝင်လာပြီဖြစ်သည့်အပြင်အရပ်ဘက်အဖွဲ့အစည်းများသည်နိုင်ငံသား အခြေပြုဖွဲ့စည်းထားသော(သို့မဟုတ်)အလယ်ကြားခံအဖြစ်လုပ်ဆောင်နေသောအဖွဲ့အစည်းများလဲဖြစ်လာနိုင်ကြောင်းသိရှိလာခဲ့ပြီ။၎င်းတို့ကိုဘုံလိုအင်ဆန္ဒများ၊ဘုံစိတ်ဝင်စားမှုများ၊
ဘုံဓလေ့ထုံးတမ်းများနှင့်တန်ဖိုးထားချက်တူညီမှုများကစည်းလုံးဖွဲ့တည်လာစေပြီးအမျိုးမျိုးသောလှုပ်ရှားဆောင်ရွက်မှုများကိုလုပ်ဆောင်နိုင်ရန်ပြည်သူနှင့်သူ့အစိုးရအား
တွန်းအားပေးထားသည်။တက်ကြွ၍ကြံ့ခိုင်သောအရပ်ဘက်(လူထု) အဖွဲ့အစည်းတစ်ခုသည်စီမံခန့်ခွဲအစိုးရမှုနယ်ပယ်၏ထောက်တိုင်(၄)ခု ဖြစ်သောပွင့်လင်းမြင်သာမှုရှိခြင်း၊တာဝန်ယူ တာဝန်ခံမှုရှိခြင်း၊ပူးပေါင်းပါဝင်လုပ်ဆောင်ခွင့်ရှိခြင်းနှင့်ဥပဒေလွှမ်းမိုးနိုင်ခြင်းတို့ကိုအခြေပြု၍ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။ယခင်(၁၉)ရာစုအတွင်းကအရပ်ဘက်(လူထု)
အဖွဲ့အစည်းတစ်ခုကိုအမှားပြင်ဆင်နိုင်စွမ်းရှိသည့်မမှားအောင်စောင့်ကြည့်နေသောတွန်းအားတစ်ရပ်အဖြစ်ဖြင့်ယူဆထားပြီး၎င်းသည်အစိုးရဟုသတ်မှတ်ထားသောအဖွဲ့အစည်းကိုဖြစ်စေ၊
ဈေးကွက်စီးပွါးရေးမသန့်ရှင်းမှုကိုဖြစ်စေ၊စစ်ဆေးစောင့်ကြည့်ရန်ရည်ရွယ်၍ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်သည်။“ပို၍ကောင်းမွန်လာသောအစိုးရခြင်း”ဆိုသည့်အယူအဆတစ်ရပ်ကို
မွေးစားလာသောအခါ(ယခင်ကဤအယူအဆမရှိခဲ့ဘူးပဲယခုအခါရေပန်းစားလာသောအယူအဆဖြစ်သဖြင့်)ကျေးလက်နှင့်မြို့ပြမှာပါအောက်ခြေလူတန်းစားများ၏လှုပ်ရှားမှုများ
ထွက်ပေါ်လာခဲ့ကြသည်။(၁၉၆၀)ပြည့်နှစ်ကျော်များအတွင်းအမေရိကန်ပြည်ထောင်စုနှင့်ဥရောပတိုက်တွင်ဖြစ်ပေါ်ခဲ့သောကျောင်းသားဆန္ဒပြမှုကိစ္စနှင့်တောင်ကိုးရီးယား ကဲ့သို့အချို့သောအာရှနိုင်ငံတွင်ပြည်သူပြည်သား နှင့်လူငယ်များ ဆန့်ကျင် ဆန္ဒပြသည့်ကိစ္စများအပါအဝင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာတစ်ကမ္ဘာလုံး၏ပြဿနာများ အတွက်စုစည်းလှုပ်ရှားဆောင်ရွက်မှုများစသည်တို့သည်ယခုအခါအရပ်ဘက်အဖွဲ့အစည်းများ၏လှုပ်ရှားလုပ်ဆောင်မှုနမူနာစာရင်းတွင်ပါဝင်လာကြသည်။ရံဖန်ရံခါဆိုသလို
ထိုအဖွဲ့အစည်းများနှင့်၎င်းလှုပ်ရှားမှုများ၏ရင်းမြစ်များသည်အကြံပေးမှုကင်းမဲ့ခြင်းနှင့်အားပေးသူ မိတ်ဖက်များမရှိခြင်းတို့ ကြုံနိုင်သလိုထိတွေ့ခံစား ကြရသည့်လူထုတစ်ရပ်လုံး၏အသက်မွေးဝမ်းကျောင်းမှုကိုအကျိုးသက်ရောက်စေသည့်ဆုံးဖြတ်ချက်များသို့ဦးတည်နေသည့်လုပ်ငန်းစဉ်များလည်းပါဝင်နိုင်သည်။
အရပ်ဘက်(လူ့)အဖွဲ့အစည်းတိုင်းကိုအမျိုးတူရာပေါင်းစပ်ဖွဲ့စည်းထားသောမွန်မြတ်သည့်အဖွဲ့အစည်းတစ်ခုအဖြစ်အမြဲမမြင်သင့်ချေ။ထိုအဖွဲ့အစည်းများသည်တစ်ဦးတစ်ယောက်တစ်ဖွဲ့၏
အထောက်အပံ့ခံ အဖြစ်ဖြင့်ဖြစ်စေ၊လောဘအခြေခံ၍ဖြစ်စေ၊အကျိုးအမြတ်အစိတ်အပိုင်းတစ်ခုရလိုမှုကြောင့် ဖြစ်စေ၊မျိုးနွယ်စု တစ်ခု၏ရိုင်းပြရန်လိုမှုကြောင့် ဖြစ်စေ၊လူမှုရေးအရတစ်ဖန်ပြန်လည်နှိပ်စက်လို၍ ဖြစ်စေ၊ အမျိုးမျိုးသော စီးပွါးရေး ကိစ္စရပ်များအတွက် ဟန်ပြလုပ်ဆောင် ဆွဲဆောင်သိမ်းသွင်းရန် အလို့ငှါ ဖြစ်စေ၊ ဆေးလိပ်ဆန့်ကျင်ရေး ကိစ္စကဲ့သို့ သော လူသားအားလုံး၏ ယေဘုယျ အကျိုးစီးပွါးကို ကိုယ်စားပြုနိုင်ခြင်း မရှိသော ကိစ္စရပ်များကို အကြောင်းပြု၍ ဖြစ်စေ လှုံ့ဆော်စည်းရုံးထားသော အဖွဲ့အစည်းများလည်း ဖြစ်နိုင်သည်။
နိုင်ငံသားတစ်ဦးချင်းနှင့်သူ၏နိုင်ငံတော်အကြားကွာဟချက်အချို့ရှိတတ်မြဲဖြစ်ရာ၎င်းကွက်လပ်လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်အလို့ငှာယဉ်ကျေးမှုအခြေပြု၊ဘာသာရေးအခြေပြု၊
အသက်မွေးဝမ်းကျောင်းတူရာအခြေပြုစသဖြင့်အမျိုးမျိုးသောအရပ်ဘက်(လူထု)အဖွဲ့အစည်းများနှင့်လုပ်အားခမယူလူမှုရေးအသွင်ဆောင်သောအမျိုးမျိုးသောအဖွဲ့အစည်းများပါဝင်
လာနိုင်ကြသည်။တတ်စွမ်း တက်ကြွ ခိုင်မာသောအရပ်ဘက် (လူထု)အဖွဲ့အစည်းတခုသည်ကောင်းသော အုပ်ချုပ်ရေးအတွက်အခြေခံ အုတ်မြစ်ဖြစ်လာပြီးဗဟိုအစိုးရအဖွဲ့အစည်းအတွက် စံထားနှိုင်းယှဉ်နိုင်စွမ်းရှိခြင်းကိုလည်းကောင်း၊လူများအကြားအပြုသဘောဆောင်ပြီးလက်တွေ့ရလာဒ်ကောင်းများပေါ်ထွက်လာစေနိုင်သည့်ဆက်ဆံရေးရှိခြင်းကိုလည်းကောင်း၊
တည်ဆဲမူဝါဒများအပေါ်စဉ်းစားသုံးသပ်လွှမ်းမိုးမှုပေးနိုင်စွမ်းသည့်အခွင့်အရေးများရှိခြင်းကိုလည်းကောင်း၊ဆင်းရဲသားနင်းပြားများနှင့်တည်ဆဲလူမှုအဝန်းအဝိုင်းမှဘေးရောက်နေသော
လူအများ၏ စီးပွားကို ဖော်ဆောင်နိုင်ရန် ဆွဲဆောင်မှုရှိခြင်းကို လည်းကောင်း၊ လူအများတစ်ဦးချင်းစီပါဝင်ကိုယ်စားပြု မှုရှိသည့် လုပ်ပုံလုပ်နည်းစနစ်တခု ထားရှိမှုကိုလည်းကောင်း၊အထောက်အပံ့ပေးလာစေနိုင်သည်။ထိုကဲ့သို့သောအရပ်ဘက်(လူထု)အဖွဲ့အစည်းများသည်အထက်ဖော်ပြပါစွမ်းအင်များကိုစုစည်းပေးနိုင်သည့်အနေအထားမျိုး
(အမှန်တကယ်လူထုအကျိုးပြုမှု) မှ သွေဖယ်၍နိုင်ငံရေးအမြတ်ထုတ်ရန် အလို့ငှါဖွဲ့စည်းထားသောအမည်ခံ အရပ်ဘက်အဖွဲ့အစည်းအနေဖြင့်လည်းကောင်း၊ စီးပွားရေး သမားများအတွက်အကျိုးဖြစ်ထွန်းရန် အလို့ငှါအမာခံလူထုအားကိုသုံး၍အနီးကပ်ဂိုဏ်းသဖွယ်ဖွဲ့စည်းထားသော အဖွဲ့အစည်းများအသွင်ဖြင့် လည်းကောင်းတည်ရှိနေနိုင် ပါသေးသည်။အရပ်ဘက်(လူထု)အဖွဲ့အစည်းများသည်ကုန်သွယ်ရေးသမဂ္ဂများကဲ့သို့တည်ဆဲဥပဒေများဖြင့်အုပ်ချုပ်စီမံထားသောပုံစံတကျအဖွဲ့အစည်းမျိုးအဖြစ်ဖြင့်ဖြစ်စေ
(မြန်မာနိုင်ငံတွင်သမဝါယမဥပဒေဖြင့်ဖွဲ့စည်းထားသောငွေစု/ချေးသမအဖွဲ့အစည်းများနည်းတူ)၊ကျပန်းဖွဲ့စည်းထားသောလမ်းလျှောက်လုပ်အားပေးအဖွဲ့အစည်းမျိုး(မြန်မာပြည်တွင်တွေ့
ရသောဝတ်ချက်၊ဆွမ်းချက်၊ဆွမ်းလောင်းအဖွဲ့မျိုး) အဖြစ်ဖြင့်ဖြစ်စေတည်ရှိနေနိုင်သည်။ပုံစံတကျအဖွဲ့အစည်းများအကြားတွင် အစိုးရဝန်ထမ်းသမဂ္ဂများသည်တခါတရံပြန်လည် ပြင်ဆင်ဖွဲ့စည်းရန်လိုအပ်လေ့ရှိတတ်ကြသော်လည်းရံဖန်ရံခါ၌မူအုပ်ချုပ်ရေးဆိုင်ရာလျှင်မြန်သွက်လက်အစွမ်းထက်မှုကိုအသင့်ယူသုံးစွဲနိုင်အောင်အထောက်အပံ့လည်းပေးနိုင်သေးသည်။
ပညာရေးဆိုင်ရာပုံစံတကျအဖွဲ့အစည်းများသည်လည်းအစိုးရဝန်ထမ်းများအားပြန်လည်သင်တန်းပေးခြင်းကဲ့သိုသောကိစ္စရပ်များ၌အသုံးတည့်ကြောင်းတွေ့ရသည်။ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင်
တရားစီရင်ရေးစနစ်သည်လူထုအကျိုးကိုယ်စားပြုနိုင်စွမ်းရှိသည့်အရပ်ဘက်(လူထု)အဖွဲ့အစည်းမျိုးအသွင်ဖြင့်ပေါ်ပေါက်လာနိုင်သကဲ့သို့နိုင်ငံသားများစုပေါင်းဖွဲ့စည်းထားသည့်
အစုအဖွဲ့များကလည်းစီးပွားရေးအမြတ်ထုတ်ရန်ဖွဲ့စည်းထားသည့်အယောင်ဆောင်အရပ်ဘက်(လူထု)အဖွဲ့အစည်းများ၏လှုပ်ရှားလွှမ်းမိုးမှုများကိုထိန်းညှိပေးနိုင်စွမ်းရှိစေရန်ရည်ရွယ်
ကြကြောင်းတွေ့ရသည်။ကျပန်းဖွဲ့စည်းထားသောအရပ်ဘက်(လူထု)အဖွဲ့အစည်းသည်စင်စစ်လူထုယုံကြည်မှုဖြင့်အပ်နှင်းခံထားရ၍အရေးပါပြီး၊မျက်နှာသာပေးမခံရသောအရာမဝင်သော
မျက်နှာမွဲလူစုများကိုစွမ်းအားရှိလာစေရန်အလို့ငှါမဲတင်းဖွဲ့စည်းထားကြောင်းတွေ့ရမည်။ထိုသူများသည်ကံမကောင်းအကြောင်းမလှစွာပင်ကာလရှည်စီမံခန့်ခွဲမှုအလွဲအမှားများကြောင့်
ပေါ်ထွက်လာသောလူမှုပြဿနာများကိုခံစားနေကြရသူများဖြစ်ပြီးသူတို့၏အဖွဲ့အစည်းများတွင်ဝင်ရောက်ပတ်သက်နိုင်စွမ်းရှိမှုသည်လည်းကျတခါတက်တလှည့်ရှိနေတတ်ကြသည်။
အကယ်၍ထိုအဖွဲ့အစည်းမျိုး ပေါ်ပေါက်လာပြီးအောင်မြင်မှုများရလာကာအပယ်ခံနင်းပြားများဝင်ရောက်ပတ်သက်စွက်ဖက်ခွင့် ရှိလာသောအခါလူ့မလိုင်အလွှာ (ရံဖန်ရံခါ အုပ်ချုပ်သူဒေသဆိုင်ရာ အာဏာပိုင် အလွှာ) ၏ ငွေအား၊ အာဏာ အင်အားဖြင့်လွှမ်းမိုးထိန်းချုပ်စေခိုင်း မောင်းနှင်ခြင်းတို့ ခံရလာစရာ ရှိသောအန္တရာယ် လည်းအမြဲတစေ ရှိနေသည်ဟုသိကြရသည်။
အရပ်ဘက်အဖွဲ့အစည်းပုံစံကွဲများ
စနစ်တကျဖွဲ့စည်းထားသောအလုပ်သမားသမဂ္ဂများကဲ့သို့အရပ်ဘက်အဖွဲ့အစည်းများသည်ပြဌာန်းတည်ရှိဆဲလုပ်ထုံးလုပ်နည်းများအားလုံးနှင့်ဆက်စပ်ဆောင်ရွက်လျက်ရှိရသည်။
စနစ်တကျဖွဲ့စည်းထားခြင်းမဟုတ်သောအဖွဲ့အစည်းများတွင်“အချိန်ကာလ(တို)နှင့်ကိစ္စရပ်”အခြေပြုယာယီအဖွဲ့အစည်းများ(သို့မဟုတ်)သမနိရှည်ကြာအဖွဲ့အစည်းများဖြစ်သည့်
အနီးအနားဝန်းကျင်ရှိမိသားစု ကော်မတီဝင်များ နှင့် ထုံးစံအတိုင်း ဖွဲ့စည်းခြင်း၊ ရေသွင်းရေနုတ်ခြင်းငွေချေးငွေစုခြင်းစသည့်ဆိုင်ရာကိစ္စများတွင်ပါဝင်နေသည့်သုံးစွဲသူအုပ်စုများ ကဲ့သို့သောအတူလုပ်အတူကုန်ထုတ်၊ကုန်နှင့်ဝန်ဆောင်မှုများရောင်းချခြင်းနှင့်ဝယ်ယူခြင်းဆိုင်ရာကိစ္စရပ်များအတွက်၎င်းဖြစ်တည်ရာလူ့အဖွဲ့အစည်းအတွင်းအကျိုးရှိရာရှိကြောင်း
မတူသောနည်းလမ်းအထွေထွေကိုရှာကြံရင်းပူးပေါင်းလုပ်ဆောင်လာကြသည့်လူတစ်ဦးခြင်းနှင့်လူအုပ်စုများအလေ့အထအတိုင်းပါဝင်ဖွဲ့စည်းခြင်းစသည်တို့ရှိပါသည်။
ရပ်ရွာသည်(သို့မဟုတ်)အခြေခံအဖွဲ့အစည်းများသည်ပုံစံတကျဖြင့်ဖြစ်စေ၊ပုံစံမကျပဲဖြင့်ဖြစ်စေဖွဲ့စည်းထားသည့်အစုခွဲအစိပ်ခွဲများ အဖြစ်ဖြင့်လှုပ်ရှားပါဝင်နေကြသည်။
စနစ်တကျမဟုတ်ဘဲအလျဉ်းသင့်သလိုဖွဲ့စည်းထားသောထိုအဖွဲ့အစည်းများတွင်ကြားဖောက်ပြေးဆွဲသောယာဉ်၊ရထားအဖွဲ့အစည်းများ၊အမှိုက်ကောက်အမှိုက်သိမ်းသူများ၊
ရပ်ကွက်ဆိုင်ရာလုံခြုံရေးကော်မတီများ၊နိုင်ငံတော်အသိအမှတ်ပြုပညာရေးစနစ်၏အပဖြစ်သောစာသင်ကျောင်းများ၊ပျံကျအစွန်အဖျားနှင့်ခြေသလုံးအိမ်တိုင်နေသူများ၏အဖွဲ့အစည်းများ
စသည်တို့လည်းပါဝင်သည်။လီမာ၊ပီရူးကဲ့သို့သောဖွံ့ဖြိုးဆဲနိုင်ငံအချို့၏မြို့ကြီးများတွင်အိမ်ယာနှင့်ကူးသန်းဆက်သွယ်သွားလာခြင်း၊အညစ်အကြေးစွန့်ခြင်း၊လျှပ်စစ်ဓါတ်အားဖြန့်ဝေခြင်း၊
ကျန်းမာရေးထောက်ပံ့ပေးသည့်ဆေးခန်းများဖွင့်ခြင်းစသည့်ဝန်ဆောင်မှုပြုသောကိစ္စရပ်များအတွက်ထိုသို့သောအဖွဲ့အစည်းများ၏လုပ်ဆောင်မှုမှာ၉၀% ထိရှိနိုင်ကြောင်းတွေ့ရသည်။ထိုအဖွဲ့အစည်းများသည်လူဆင်းရဲများနှင့်အပယ်ခံအရာမရောက်သူ လူအုပ်စုများ၏စွမ်းဆောင်ရည် ကင်းမဲ့ခြင်းကြောင့်ပုံစံကျနေပြီးသောလူနေမှုစနစ်တစ်ခုမှ အဖယ်အကျဉ်ခံရကာ ဘေးရောက်နေမှုကွက်လပ်များကို ထောက်ကူဖြည့်ဆည်းပေးသည်။
အရပ်ဘက်(လူ့)အဖွဲ့အစည်းများသည်မူလအခြေခံအုပ်စုများနှင့်ဦးဆောင်ခေါင်ချုပ်အဖွဲ့အစည်းများဟူ၍လည်းကွဲပြားနိုင်သည်။မူလအခြေခံအသင်းအဖွဲ့များသည်အခြေအနေတူ
အခြားအဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ဒေသဆိုင်ရာနှင့်အမျိုးသားအဆင့်အဖွဲ့ချုပ်များဆီသို့ချိတ်ဆက်နိုင်ပြီး၊(သို့မဟုတ်)အကျိုးတူပူးပေါင်းလုပ်ဆောင်နိုင်ပြီး၊မိမိအဖွဲ့အစည်း၏
အခြေခံရှိရင်းစွဲစွမ်းအားများတိုးပွါးလာစေရန်နှင့်အတွေ့အကြုံများကိုဖလှယ်ရန်အလို့ငှါအပြင်ဝန်ဆောင်မှုများပံ့ပိုးကူညီမှုရ၍ထီးတည်းတည်ရှိခြင်းမှကျော်လွှားလွန်မြောက်ရန်နှင့်
အသင်း၏ပုံရိပ်ထင်ရှားအသိအမှတ်ပြုခံရရန်ပြင်ပအလှူရှင်အဖွဲ့အစည်းများနှင့်လည်းကောင်း၊နိုင်ငံတော်ဆိုင်ရာအစိုးရအဖွဲ့အဆင့်ဆင့်တို့နှင့်လည်းကောင်း(ဘေးတိုက်နှင့်အပေါ်အောက်) အပြန်အလှန်ကူးလူးဆက်ဆံရန်ရည်ရွယ်သည်။
(က)ကုန်သွယ်ရေးသမဂ္ဂများ
(ခ) အစိုးရမဟုတ်သောပညာရေးဆိုင်ရာ အဖွဲ့အစည်းဌာနများ
(ဂ) တရားစီရင်ရေး ဆိုင်ရာဆွေးနွေးစိစစ်ရေးအဖွဲ့များ
(ဃ)အောက်ခြေနိုင်ငံသားအဖွဲ့အစည်းများနှင့် ဓလေ့ထုံးတမ်းအစဉ်အလာအားဖြင့် တည်ရှိသောအဖွဲ့အစည်းများ
(င) သမဝါယမအဖွဲ့အစည်းများ
(စ) အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းများ စသည်တို့သည် အရပ်ဘက်အဖွဲ့အစည်း ပုံစံကွဲများဖြစ် ကြသည်။
၎င်းတို့အနက် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံရေးအခြေတကျဖြစ်မှု အားနည်း သောကြောင့် အစိုးရအဖွဲ့၏ လုပ်အားနှင့် နိုင်ငံသားအိမ်ထောင်စုများ၏ လိုအပ်ချက်များအကြား စံကိုက်ဖြစ်မှု ပိုမိုအားနည်းတတ်လေ့ရှိသဖြင့် အထက်ဖော်ပြပါ (င) သမဝါယမအဖွဲ့အစည်းများနှင့် (စ) အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO)များ နှစ်မျိုး သည် စနစ်တကျဖြစ်စေ၊ စနစ်မကျပဲဖြစ်စေ၊ ၎င်းကို ထူထောင်သူ အစိုးရအဖွဲ့၏ ယန္တရား အစိတ်အပိုင်းများ အနေဖြင့်ဖြစ်စေ၊ ပုံစံအမျိုးမျိုးဖြင့် ကြီးထွားလာတတ်သည်။ သို့ဖြစ်၍ အရပ်ဘက် အဖွဲ့အစည်းများ၏ ပုံစံကွဲဖြစ်သော (င) သမဝါယမ အဖွဲ့အစည်းများ နှင့် (စ) အစိုးရမဟုတ်သော အရပ်ဘက် အဖွဲ့အစည်း (NGO) များကို အနည်းငယ် ချဲ့ထွင်၍ လေ့လာဆန်းစစ် ကြည့်မည် ဖြစ်သည်။
သမဝါယမအဖွဲ့အစည်းများ
သမဝါယမအဖွဲ့အစည်းများသည်နိုင်ငံအများစုတွင်တည်ရှိပြီးထိုနိုင်ငံ၏အရပ်ဘက်(လူထု) အဖွဲ့အစည်းများ၏အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ထို့ပြင်အခြေခံလူ့အဖွဲ့အစည်းများနှင့်အခြားသောအုပ်စုကြီးများအကြားကြားခံအဖြစ်ရပ်တည်သည်။သမဝါယမအဖွဲ့
အစည်းများတွင်ဆိုင်ရာဥပဒေ သတ်မှတ်ချက်အရခွင့်ပြုထားသောဖွဲ့စည်းပုံနှင့်အဖွဲ့ဝင်များရှိပြီးရံဖန်ရံခါအဖွဲ့ငယ်များပေါင်းစည်း၍ဒေသလုံးဆိုင်ရာသမဝါယမ အသင်းစု (သို့မဟုတ်) အသင်းစုချုပ်(သို့မဟုတ်)အသင်းချုပ်အဖြစ်သို့စုစည်းဖွဲ့တည်လာတတ်သည်။ကျေးလက်ဒေသမှအစပျိုးလေ့ရှိသော်လည်းအချို့သောနိုင်ငံများတွင်မြို့ပြသမဝါယမအဖွဲ့အစည်းများဆီသို့ချဲ့
ထွင်လာတတ်သည်။အိုးအိမ်သမဝါယမ၊မြေပိုင်ရှင်သမဝါယမ၊အိမ်ငှါးမြေငှါးသမဝါယမ၊စက်မှုသမဝါယမ၊ငွေကြေးသမဝါယမအဖွဲ့အစည်းများနှင့်အထွေထွေအပြားပြားသော
ကုန်ထုတ်သမဝါယမများအဖြစ်ဖွဲ့စည်းဖြစ်တည်နေကြသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သမဝါယမအသင်းများသည်တစ်ခါတရံ၎င်းကိုမွေးဖွားပေးသည့်တည်ဆဲအစိုးရအတွက်လုပ်ဆောင်ပေးသော(အစိုးရထိန်းချုပ်မှုအောက်တွင်
အပြည့်အဝရောက်ရှိနေသော)အသင်းအဖွဲ့များဖြစ်လာတတ်ကြပြီးအစိုးရ၏ထောက်ပံ့ငွေဖြင့်ဖွဲ့ချည်ထားခံရလေ့ရှိသည်။
သမဝါယမအသင်း၏လွတ်လပ်စွာရပ်တည်ခွင့်ကို၎င်းတို့ကိုယ်တိုင်ကာကွယ်ထားရမည့်အစားအချို့သောနိုင်ငံများတွင်အစိုးရအဖွဲ့အစည်း၏ ယန္တရားချဲ့ထွင်မှု အဖြစ်ဖြင့်သမဝါယမများကိုထင်မြင်ယူဆ လာနိုင်သည်။အခြားတဘက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏မြို့ရွာအများအပြားတွင်အချို့သောသမဝါယမအဖွဲ့များသည်လူမှုစီးပွါးအောက်ဆုံး အလွှာများအထိနှင့်မြို့စွန်ရွာဖျားနေထိုင်သူများအထိရောက်ရှိအောင်ထောင်လိုက်ချဲ့ထွင်ဖွဲ့စည်းလာကြပြီဖြစ်သည်။ထို့နောက်ပုံစံကျငွေကြေးအဖွဲ့အစည်းများထံမှအထောက်အပံ့ကိုရယူပြီး
သမဝါယမပိုင်ထုတ်ကုန်ပစ္စည်းထုတ်လုပ်ရန်လည်းကောင်း၊အိမ်ယာနှင့်အခြားလုပ်ဆောင်မှုများကိုစီမံခန့်ခွဲရန်လည်းကောင်းတည်ထောင်ထားကြသည်။အစိုးရကသမဝါယမအသင်းများသို
့ပေးအပ်သော ထောက်ပံ့ကူညီမှုများသည်အပြုသဘောဆောင်နိုင်စရာ အကြောင်းရှိသော်လည်းပမာဏကိုကန့်သတ်ခြင်းဖြင့်အစိုးရ၏ စွက်ဖက်မှုမှလက်ရှောင်သင့်သည်။ထိုသို့ မဟုတ်ပါကအရပ်ဘက်လူမှုအဖွဲ့အစည်းရပ်ဝန်း၏အစိတ်အပိုင်းတစ်ခု အဖြစ်ဖြင့်သမဝါယမ၏ အသုံးခံ ရပ်တည် နိုင်စွမ်းရှိမှု “ပင်ကိုသဘာဝ” သည်ပျက်စီးသွားမည်ဖြစ်သည်။ တစ်နည်းအားဖြင့် သမဝါယမဟူသည်မှာ (ကွန်မြူနစ် သို့မဟုတ် ဆိုရှယ်လစ် သို့မဟုတ် အခြားသော) အစိုးရများက ပိုင်ဆိုင် ချုပ်ကိုင်၍ တိုက်ရိုက်မောင်းနှင်နေသော အမည်ခံ အရပ်ဘက်အဖွဲ့အစည်းမျိုး မဖြစ်စေရဘဲ အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက မည်သည့်အခါတွင်မျှ အောင်မြင်မှုကို တာရှည် ဆုပ်ကိုင်နိုင်မည်မဟုတ်။
ကျေးလက်ဒေသတွင်ရှိသောငွေစုငွေချေးသမဝါယမသည်လယ်ယာသွင်းကုန်ပစ္စည်းများ၊ဈေးကွက်ကိစ္စများ၊ကုန်ထုတ်နည်းလမ်းအဆင့်ဆင့်ဆိုင်ရာကိစ္စများနှင့်ထွက်ကုန်သိုလှောင်ရေးကိစ္စများ အတွက်တည်ထောင် ထားခြင်းဖြစ်သည်။အိန္ဒိယနိုင်ငံတွင်ရှိသောပြည်နယ်အများအပြားတွင်နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကိုအရှိန်အဟုန်မြှင့် လုပ်ဆောင်ရန်နှင့်ကျေးလက်စီးပွါးဖွံ့ဖြိုးတိုးတက်ရန်အတွက်နို့ထုတ်လုပ်သူများ၏သမဝါယမအသင်းများကတာဝန်ယူလုပ်ဆောင်နေကြသည်။ထိုသမဝါယမအသင်းများသည်
ယခုအခါသကြားနှင့် ဆီထွက်သီးနှံကဲ့သို့သောစက်မှုသီးနှံများစိုက်ပျိုး ထုတ်လုပ်မှုနယ်ပယ်သို့ဝင်ရောက်လာ ကြသည်။ ထိုသို့သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသည့် သမဝါယမမျိုးကို အသင်းသားများကသာ အမှန်တကယ် ပိုင်ဆိုင်ကြပြီး ၎င်းကို စီမံခန့်ခွဲရာတွင်လည်း အသင်းက စိစစ်ခန့်အပ်ထားသော စာရင်းအင်းကျွမ်းကျင်၊ လုပ်ငန်းကျွမ်းကျင်သူများကသာ တိုက်ရိုက် လုပ်ကိုင်ဆောင်ရွက်ကြကာ အများပိုင်စီးပွါးရေးလုပ်ငန်း အစစ်အမှန် ဖြစ်မှသာ ရေရှည်အောင်မြင်နိုင်သည်။
(စ)အစိုးရမဟုတ်သော(လူမှု)အဖွဲ့အစည်း(NGO)များ
အစိုးရမဟုတ်သောလူမှုအဖွဲ့အစည်း(NGO) ဆိုသည်မှာအဓိပ္ပါယ်အားဖြင့်ကျယ်ပြန့် သလောက်တိကျစွာ နားလည်ရန်ခက်ခဲရှုပ်ထွေးသည်။အဘယ့်ကြောင့်ဆိုသော်(NGO) ဟူသောပညတ်သည်လုပ်ငန်းဆောင်တာမျိုးစုံနှင့်သွင်ပြင်လက္ခဏာမျိုးစုံကိုအတူတကွလွှမ်းခြုံနိုင်သည့်သဘောရှိခြင်းကြောင့်ဖြစ်သည်။ထို(NGO)ဟူသောစကားရပ်သည်အဖွဲ့အစည်းများက
လူသားအားလုံး၏ဘုံအကျိုးစီးပွါးဦးတည်ချက်နှင့်အတူယှဉ်တွဲ ထွက်ပေါ်လာသောအခါမှသာနားလည်နိုင်စရာအကြောင်း ရှိသည်။ဆန့်ကျင်ဖက် အားဖြင့်ကုန်သွယ်ရေး သမဂ္ဂသမဝါယမအသင်းတစ်ခုသည်သူတို့က ပေးသောဝန်ဆောင်မှုများကိုအသင်းဝင်များ အတွက်သက်သက်သာကန့်သတ်ထားရှိခြင်းဟုသိနိုင်သော်လည်း(NGO) များကမူအခြားသူအားလုံးနှင့်ဆိုင်သည့်အရပ်ဘက်အဖွဲ့အစည်း ရပ်ဝန်း၏အားကြီးသောအစိတ်အပိုင်း တစ်ခုဖြစ်၍လာနိုင်သည်။အထက်ဖော်ပြပါအမြင်ဖြင့်(NGO)များကိုအစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အဓိကအားဖြင့်အပြန်အလှန်ပြောရေးဆိုခွင့်ရှိသူ(သို့မဟုတ်)လုပ်ဖော်ကိုင်ဖက် တစ်ခုအဖြစ်သတ်မှတ်ထား၍ ရသော်လည်းနိုင်ငံအတော် များများတွင်၎င်းတို့၏ကဏ္ဍနှင့် စွမ်းရည်များကိုသီးခြားဆွေးနွေးရန်လိုအပ်မည်။
(NGO)များကိုအရပ်ဘက်(လူထု)အဖွဲ့အစည်းများအဖြစ်သတ်မှတ်နိုင်လေ့ရှိကြပြီးအခြားအခြားသောအရပ်ဘက်(လူထု)အဖွဲ့အစည်းများနှင့်အလားတူစွာပင်အစိုးရမဟုတ်သော(အစိုးရဌာန
များ၏တိုက်ရိုက်ပတ်သက်မှုမှလွတ်ကင်းသော) လုပ်အားခမယူ၊လုပ်အားလှူအဖွဲ့အစည်းအသွင်မျိုးအဖြစ်ဖြင့်တွေ့ရတတ်သည်။မတူသည့်အချက်မှာ(NGO) အဖွဲ့အစည်းဟူသည်အပယ်ခံလူများအားကူညီကယ်တင်ရန်အလို့ငှာရည်ရွယ်ဖွဲ့စည်းထားတတ်ခြင်း ဖြစ်သည်။သို့မဟုတ်လူသားအများစုရင်ဆိုင်နေရသောပြဿနာကြီး များကိုကိုယ်စားပြုဖော်ထုတ် ရင်ဆိုင်ဖြေရှင်းရန်လည်းကောင်း၊(သို့မဟုတ်) ထိုရည်ရွယ်ချက် နှစ်မျိုးလုံး အတွက်ရည်ရွယ်၍လည်းကောင်း၊ဖွဲ့စည်းထားကြခြင်းဖြစ်ရာသူတို့၏အဖွဲ့ဝင်များ၏ အကျိုးစီးပွားကိုအကာအကွယ်ပေးရန်လုပ်ဆောင် နေကြမြဲဖြစ်သည်။လွန်ခဲ့သော(၁၀) နှစ်အနှစ်(၂၀) ခန့်ကတည်းက(NGO) များသည်၎င်းတို့၏ လုပ်ငန်းကိုင်ငန်း တွင်ကျယ်မှုကိုအစဉ်တစိုက် အားပြုချဲ့ထွင်လာရာယခုအခါတရားဝင်ဖွံ့ဖြိုးမှုရံပုံငွေ(ODA) အားလုံး၏၂၀% ကျော်ကိုသုံးစွဲလုပ်ဆောင် နေသောကဏ္ဍတခုအဖြစ်သို့ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။(NGO) များကြီးထွားလာရခြင်း၏အကြောင်းရင်းကိုစိစစ်လျှင်နိုင်ငံတကာမှပေးသောအကူအညီများ၏အဓိကဦးတည်ချက်ဖြစ်သောဆင်းရဲမှုလျှော့ချရေး အရွှေ့အပြောင်းများအတွက်လည်းကောင်း၊ ဝန်ဆောင်မှု ဖြန့်ေ၀ ထောက်ပံ့ခြင်းအတွက်ပို၍ထိရောက် ကောင်းမွန်သောနည်းလမ်းသစ်များကိုရှာဖွေရန်အတွက် လည်းကောင်း၊အစိုးရအဖွဲ့အစည်းများကြီးထွားလာခြင်းကြောင့်ဖြစ်ပေါ်လာသောဂရုပြုစရာအခြေအနေများတနေ့တခြားများပြားလာခြင်းတို့ကြောင့်လည်းကောင်း၊
အင်အားမတောင့်တင်းသောလူစုများနှင့်အပယ်ခံလူမျိုးငယ်များကိုကိုယ်စားပြု အားဖြည့်ပေးရန် လိုအပ်ခြင်းကြောင့်လည်းကောင်း၊ စသဖြင့် အကြောင်းတရားများကို တွေ့ရမည်ဖြစ်သည်။
(NGO)များကိုလေ့လာရာတွင်၎င်းတို့၏ခံယူချက်၊အရွယ်ပမာဏနှင့်ပိုင်ဆိုင်သောအရင်းအမြစ်များတွင်ကျယ်ပြန့်စွာကွဲပြားခြားနားကြောင်းတွေ့ကြရသည်။အဓိကအားဖြင့်အစိုးရ၏စီမံကိန်း
များကိုစဉ်းစားလွှမ်းမိုးတည့်မတ်ပေးရန် အတွက် ဖွဲ့စည်းထားသောအကြံပြု၊အကြံပေး(NGO) များနှင့်လူမှုဝန်ထမ်း ဝန်ဆောင်မှုပေး(NGO)များဟူ၍ထင်ရှားစွာကွဲပြားသည်။ Save the Children ကဲ့သို့သောအရင်းအမြစ်ကျယ်ပြန့် ၍နိုင်ငံရေးလွှမ်းမိုးမှုကြီးမားသောနိုင်ငံတကာ(NGO) များနှင့်နိုင်ငံတော် အဆင့်(သို့မဟုတ်)ဒေသစိတ်အဆင့်(NGO) ဟူ၍လည်းကွဲပြားခွဲခြားနိုင်သည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရှိသောနိုင်ငံတော်အဆင့်အကြီးမားဆုံးသော(NGO) များပင်လျှင်သူတို့၏ ပမာဏနှင့်ဆီလျော်သော အရင်းအမြစ်များ ရရှိခြင်း၊အစိုးရအဖွဲ့အစည်းများနှင့်စီးပွားရေးလုပ်ငန်းကြီးများသို့ပေါက်ရောက်ခြင်းစသည်တို့မရှိနိုင်။သို့တစေနိုင်ငံတကာ(NGO)များနှင့်ချိတ်ဆက်၍ရံပုံငွေနှင့်လုပ်ငန်းဆောင်တာများကို
ပါပူးတွဲ တာဝန်ယူ လုပ်ကိုင်လာနိုင်ကြသည်။
(NGO)များသည်အစိုးရအဖွဲ့အစည်း၏ဝန်ဆောင်မှုများအားပို၍အကျိုးဖြစ်ထွန်းသွက်လက်လျင်မြန်လာစေရန်အကူအညီပေးနိုင်သလိုဒေသခံများ၏အရှိတရားစွမ်းအားများကိုရွေ့လျှားတိုးတက် စေနိုင်သည်။အစိုးရ၏အာဏာရပ်များကိုအသုံးချရာ၌စောင့်ကြည့်ထိန်းညှိပေးခြင်းယန္တရားကိုထောက်ပံ့ နိုင်သလိုဆင်းရဲသားများနှင့်အခြေမလှလူစုအား ၎င်းတို့၏ လိုအပ်မှုများကိုအထူးသဖြင့်အကြံပြု၊အကြံပေးနိုင်သည်။အခြားတဘက်တွင်(NGO)အနေဖြင့်လည်း၎င်း၏တာဝန်ယူတာဝန်ခံနိုင်စွမ်းလျော့လျဲပျောက်ဆုံးလာနိုင်ခြေရှိမှု၊အတွေးအမြင်များ
ကျဉ်းမြောင်းလာနိုင်ခြေရှိမှု၊အဆုံးအဖြတ်ပေးရာ၌ထင်သာမြင်သာရှိလာနိုင်ခြေမရှိမှု၊စီမံခန့်ခွဲမှုဟူသမျှအပေါ်မှအောက်သို့သာတဘက်သတ်ပြုလာနိုင်ခြေရှိမှုနှင့်အခြားသောပြဿနာရပ်
များဖြင့်ရှုပ်ထွေးပွေလီ ထိခိုက်လာနိုင်စရာအန္တရာယ်များရှိနေသည်။(NGO) များအားအစိုးရနှင့်အလှူရှင်များကစဉ်ဆက်မပြတ် ထောက်ပံ့ခြင်းသည်လည်းအမြဲတစေတရားဝင်မှုရှိ/မရှိ ထိန်းညှိပေးရန်လိုသကဲ့သို့ယခုအခါ(NGO)အများအပြားလုပ်နေမြဲဖြစ်သောအထက်ပါအမှုကိစ္စများအားလူရိုသေ၊ရှင်ရိုသေကိုယ်စားပြုဖြေရှင်းမပေးနိုင်သရွေ့သူတို့ကိုယ်တိုင်ပင်လျှင်
ပျောက်ကွယ်ဖျက်သိမ်းခံရခြင်းတည်း ဟူသောအန္တရာယ်ထဲတွင်ကျရောက်နေကြမည်ဖြစ်သည်။အလှူရှင်များနှင့်အစိုးရအဖွဲ့အစည်းများအားလက်မလွှတ်ဘဲ(NGO) များအနေဖြင့်ယှဉ်တွဲလုပ်ဆောင်မည်ဆိုပါကနှစ်ဘက်စလုံးအတွက် အကောင်းဖြစ်လာနိုင်သည်။သို့သော်အထွေထွေအမှုကိစ္စများအတွက်အာရုံထားဂရုပြုရန်လိုအပ်နေပြီးဖြစ်သည့် (NGO) များ၏ဘက်တွင်၎င်းတို့အကန့်အသတ်ဖြင့်ပိုင်ဆိုင်ထားသောစီမံခန့်ခွဲနိုင်မှုစွမ်းရည်နှင့်ဖြန့်ကျက်ရောက်ရှိနေသောအာရုံစိုက်မှုများသည်သူတို့၏ဝန်ဆောင်မှုဖြန့်ဝေခြင်းလုပ်ငန်းအတွက်
အကျိုးသက်ရောက်နိုင်မှုကိုအတော်အတန်လျော့နည်းသွားစေနိုင်သည်။အစိုးရဘက်မှကြည့်လျှင်ဖွဲ့စည်းပုံအရအမျိုးမျိုးသောဦးစီးနာယကများရောထွေးနေသောအခါအထူးသဖြင့်
ဗဟိုဝန်ကြီးဌာနများနှင့်၎င်းဝန်ကြီးဌာနများ၏ဒေသစိတ်ဆိုင်ရာဝန်ထမ်းငယ်များအကြားလမ်းညွှန်ချက်ဘောင်အတွင်းအဆင့်ဆင့်ပူးပေါင်းဆောင်ရွက်ခြင်းအားနည်းလာသည်ကိုတွေ့
ရသည်။ငွေကြေး အထောက်အပံ့ပေးနေသောအလှူရှင်အဖွဲ့အစည်းများသည်အလွန်တရာအရေးကြီးသလိုထိုအလှူရှင်များ ကြောင့်ပင်လျှင်(NGO) များ၏ဦးစားပေးအစီအစဉ်အချို့ ရှေ့နောက်မညီဖြစ်သွားရမှုများလည်းရှိကြသည်။ထို့ပြင်ထိုအလှူရှင်အဖွဲ့အစည်းများထံမှထောက်ပံ့ငွေများသည်သက်ဆိုင်ရာ(NGO)များထံသို့တိုက်ရိုက်ရောက်အောင်ဖန်တီးနိုင်သလို
(NGO) တည်ရှိရာနိုင်ငံ၏အစိုးရမှကြားခံအဖြစ်အလှူငွေကိုလက်ခံပြီးထပ်ဆင့်ခွဲဝေလက်ခံ ရယူရသောအခြေအနေများလည်း ရှိတတ်သည်။မည်သို့ဆိုစေ(NGO) များနှင့်ဖော်ပြပါအတိုင်း ပူးတွဲညှိနှိုင်းကာလုပ်ငန်းစဉ်များကိုအကျိုးရှိအောင်အကောင်အထည်ဖော်ရာ၌ထိန်းညှိပေးရန်လိုအပ်သည်များရှိတတ်သည်။ပိုမိုကျယ်ပြန့်အားကောင်းအောင်လည်းလုပ်ဆောင်နိုင်ကာ
လက်တွေ့ ရင်ဆိုင်လာရမည့်အထက်ဖော်ပြပါအငြင်းထွက်ချက် များအားလည်းစီမံခန့်ခွဲနိုင်စေရေး ဂရုတစိုက်ကူညီထောက်ပံ့ပေးရန်အမြဲတစေလိုအပ်လှပေ သည်။
(NGO) များ၏ဖွံ့ဖြိုးမှုဖြစ်စဉ်
(NGO) အလုပ်သည်လူသားအားလုံး၏လိုအပ်ချက်များနှင့်အားစိုက်ထုတ်မှုမှရလာစရာ ရှိသောအလုံးစုံအကြုံးဝင်သည့်ကျန်းမာရေး၊ပညာရေး၊ကျေးလက်နှင့်ဖွံ့ဖြိုးတိုးတက်ရေး၊သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊လူဦးရေအခြေပြုလူမှုဖူလုံရေးဆိုင်ရာကိစ္စများအပြည့်အဝရရှိရေး၊အလုပ်အကိုင်များဖန်တီးရေး၊လေ့လာလေ့ကျင့်မှုရရှိရေး၊လိင်ကွဲပြားခြင်းကြောင့်ခွဲခြားခံရခြင်း
မရှိစေရေး၊ဖွံ့ဖြိုးမှုကဏ္ဍများတွင်ဒေသခံလူနည်းစု၏အခွင့်အရေးအပြည့်အဝရရှိရေးစသည်တို့အပြင်ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကိစ္စများအားလုံးကိုမွှေနှောက်ဝင်ရောက်
လုပ်ကိုင်သည့်သဘောသဘာဝရှိသည်။ထို(NGO)များ၏အလုပ်များမှာလူမှုဖူလုံရေးနှင့်စောင့်ရှောက်ရေးဝန်ဆောင်မှုပေးခြင်းမှအစအခြားသောဝန်ဆောင်မှုများဖြန့်ဝေခြင်းအထိရင်းမြစ်များကို လည်ပတ်သုံးစွဲခြင်း၊သုတေသနနှင့်ဆန်းသစ်သုံးစွဲမှုများပြုခြင်း၊လူထုအတွင်း သတင်းပြန်ကြားခြင်း နှင့်အထက်ဖက် အဖွဲ့အစည်းများသို့သိစေကြားစေအောင်သတင်းဖြန့်ဝေခြင်းတို့ အထိဆိုင်ရာလှုပ်ရှားမှုများအကြုံး ဝင်ကြသည်။
(NGO) များသည်အရွယ်ပမာဏမတူညီမှု၊ဝန်ထမ်းအင်အားစုအရင်းအမြစ်များရရှိမှုနှင့်လုပ်ကိုင်သည့်လုပ်ငန်းဆောင်တာများကွဲပြားမှုပေါ်မူတည်၍တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြီးအကျယ်ခြားနားမှုများရှိနိုင်
သည်။သို့တစေအိန္ဒိယကဲ့သို့သောနိုင်ငံတစ်ခုတွင်အကြီးဆုံးဟုသတ်မှတ်ရမည့်ဒေသခံ(NGO)သည်၎င်းနိုင်ငံအစိုးရ၏ပမာဏနှင့်(သို့မဟုတ်)စီးပွါးရေးလုပ်ငန်းကြီးတစ်ခုနှင့်နှိုင်းယှဉ်
ပါကသေးငယ်ပြီးအရပ်ဆန်လွန်းကြောင်းတွေ့ရ သည်။
ဖွံ့ဖြိုးရေးဆိုင်ရာ(NGO) များနှင့်အခြားသော(NGO) များအကြားမြင်တွေ့ရသည့်ထူးခြား ထင်ရှား ချက်များလည်းရှိပါသည်။ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ(NGO) များတွင်အစိုးရ၏လုပ်ငန်းဆောင်တာများကိုလှုပ်ရှား သွက်လက်လာစေသည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာလူမှုရေးဆိုင်ရာဝန်ဆောင်မှုများ ဒေသတွင်းလိုအပ်ချက်များရှိနေသည့်အပေါ်လုပ်ဆောင်ပေးနေသည့်အဖွဲ့အစည်းများ၏ လုပ်ငန်းများပါဝင်သည်။နိုင်ငံသားများ၏လူမှုစီးပွါးအကျိုးအမြတ်များ ဖူလုံစေအောင်လုပ်ဆောင်နေသောအုပ်စုများ ဖြစ်သည့်အိမ်မြေ ငှါးရမ်းခြင်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များ၊ မြေယာပြန်လည်ခွဲဝေချထားခြင်းအဖွဲ့များ၊ ဆိုင်ရာဝန်းကျင်အတွင်းကုန်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့်အခြားလှုပ်ရှားမှုများကိုတိုက်ရိုက်ဝင်ရောက်ပတ်သက်လုပ်ဆောင်နေသောအဖွဲ့အစည်းမျိုးကိုဆိုလိုသည်။
ထို့အပြင်အသိပညာပေး(NGO) များနှင့်ဝန်ဆောင်မှုဦးစားပေး(NGO) များအကြားခြားနားချက်တစ်ရပ်ကိုလည်းထင်ရှားတွေ့နိုင်သည်။အသိပညာပေးရှေ့ရှုလုပ်ကိုင်သော (NGO) များသည်ပင်မအားဖြင့်လူထုနှင့်ဆိုင်သောမူဝါဒများနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ပိုင်းဖြတ် လုပ်ဆောင်သည်။လူမှုရေး လှုပ်ရှား ဆောင်ရွက်မှုများကို ကိုယ်ထူကိုယ်ထဆောင်ရွက်သည့်အသင်းများ၊ အခြားသော လူ့အဖွဲ့အစည်း၌ ရှိနေသည့် အသင်းအဖွဲ့များနှင့် ၎င်းကိစ္စရပ်များအတွက် မြှုပ်နှံလုပ်ကိုင်ကြသည်။ ဝန်ဆောင်မှု ရှေ့ရှု (NGO) များကမူဝန်ဆောင်မှုများကိုကိုယ်တိုင်ကိုယ်ကျအမှန်တကယ်ပေးခြင်း၌အားပြုလုပ်ကိုင်သည်။ယေဘုယျအားဖြင့်အသိပညာပေး(NGO) များသည်၎င်းတို့၏ရည်ရွယ်ရာပန်းတိုင်သို့ရောက်ရှိပြီးမြောက်သည့် အတွက်အခြားဦးတည်ချက်တစ်ခုသို့ပြောင်းလဲ ဖွဲ့စည်းလာစရာအကြောင်းရှိကြသည်။ဝန်ဆောင်မှုရှေ့ရှုသော(NGO) များသည်ပို၍တာရှည်ခံပြီးထိုသို့သောအဖွဲ့အစည်းအသေးများသည်မူဝါဒဟောင်းတစ်ခုမှ အသစ်တစ်ခုသို့ပြောင်းလဲသည့်အလိုက်ရရှိလာသောအဖွဲ့အစည်း၏ပုံရိပ်နှင့် အဆင့်အတန်းကိုယေဘုယျ ပြောင်းလဲပိုင်ဆိုင်ခွင့်ရှိကြသည်။ရံဖန်ရံခါအသိပညာပြန့်ပွါးမှုရှေးရှု(NGO) များသည်ဝန်ဆောင်မှုထောက်ပံ့ပေးသူများအဖြစ်သို့အနှစ်သာရပြောင်းလဲရောက်ရှိသွားတတ်သည်။အသိပညာ ပြန့်ပွါးမှု အားပြု(NGO) များသည်ဖွံ့ဖြိုးပြီး နိုင်ငံကြီး များတွင်ပို၍နေရာယူလွှမ်းမိုးထားနိုင်ကြသည်။ထိုအခြေအနေမျိုး၌အစိုးရအဖွဲ့၏ပြည်သူ့ဝန်ထမ်းဝန်ဆောင်မှု ပေးခြင်းလုပ်ငန်းများသည်သိသာထင်ရှားစွာလွှမ်းခြုံအုပ်စိုးနိုင်လေ့ရှိပြီး ဖြစ်ကြသည်။သတိပေးစောင့်ကြည့် နှိုးဆော်သည့်(NGO) များမှာအသိပညာပေးနှင့်ဝန်ဆောင်မှုပေးလုပ်ငန်း ဆောင်တာကဏ္ဍ နှစ်ခုလုံးကိုခွဲေ၀ လုပ်ဆောင်နိုင်ကြောင်းတွေ့ရသည်။စုံစမ်းစစ်ဆေးရာမှထွက်ပေါ်လာသောထိရောက်မြန်ဆန်မှုနှင့်ရင်းနှီးမြှုပ်နှံမှု စီမံချက်များဖြစ်သည့် “စွန့်ပစ်အမှိုက်များ အကြောင်း၊ငွေရေးကြေးရေး လိမ်လည်ခြင်းနှင့်အခြားအပ်နှင်း ထားသောလုပ်ပိုင်ခွင့်များကိုအလွဲသုံးစားခြင်းစသည်တို့ဖြစ်လာနိုင်ကြောင်း” စသည်တို့ကို အများပြည်သူထံသို့ ဥပမာများနှင့်တကွလူသိထင်ရှားထုတ်ဖော် ကြေညာလေ့ရှိကြသည်။ဖိလစ်ပိုင်နိုင်ငံကဲ့သို့ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ဤသို့အကျိုးသက်ရောက်မှုသွက်လက် မြန်ဆန်သောထိုအမျိုးအစား(NGO) များ များစွာရှိကြသည်။
(NGO)များသည်စီမံချက်အကောင်အထည်ဖော်သော(NGO)များ၊နိုင်ငံတော်အဆင့်(NGO)များစသည်ဖြင့်လည်းဖြစ်နိုင်သည်။ဆင့်ကဲအပေါ်အောက်တာဝန်ပေးလုပ်ဆောင်ရသောဒေါင်လိုက် ဆက်စပ်(NGO)များဖြစ်နိုင်သလိုအဆင့်တူ(NGO)များအလျားလိုက်ချိတ်ဆက်၍ပူးပေါင်းညှိနှိုင်းလုပ်ဆောင်နေသောမောင်နှမသဖွယ်(NGO)များလည်းရှိသည်။နိုင်ငံတကာသို့ဝင်ရောက်
လုပ်ကိုင်နေသော(NGO) များလည်းရှိသည်။ဥပမာတစ်ခုအနေဖြင့်ထီးသဖွယ်အပေါ်အောက်ချိတ်ဆက်ခွဲဖြာလုပ်ကိုင်နေသောအလုပ်လက်ရှိအမျိုးသမီးများ၏ကိုယ်ထူကိုယ်ထ အဖွဲ့အစည်း(SEWA) ကိုအိန္ဒိယတွင်ဖွဲ့စည်းထားရာ၎င်းသည်ထုံးတမ်းစဉ်လာအတိုင်းကျေးရွာရပ်ကွက်အခြေခံအဆင့်အဖွဲ့ငယ်များခွဲဖြာဖွဲ့စည်းထားပြီး ၎င်းတို့ အချင်းချင်းပူးပေါင်းညှိနှိုင်း ဆောင်ရွက် လုပ်ကိုင်သလို၊အခြားသောလုပ်အားပေးလူမှုအဖွဲ့အစည်းများနှင့်လည်းချိတ်ဆက်၍ဝန်ဆောင်မှုပံ့ပိုးပေးခြင်းများလည်းလုပ်ကိုင်သည်။(NGO)အတော်များများသည်ကြားခံနှင့်
ထောက်ပို့အဖွဲ့အစည်းများဖြစ်ကြပြီး၎င်းတို့သည်နိုင်ငံတော်ဗဟိုအဆင့်နှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများအဆင့်သို့ခွဲဖြာလျက်အခြားသောလူထုအဖွဲ့အစည်းများ ဆီသို့ပစ္စည်းထောက်ပံ့ ပေးကမ်းခြင်းနှင့်ဝန်ဆောင်မှုပေးခြင်းကိစ္စများကိုယေဘုယျပံ့ပိုးကူညီနေကြသည်။ဥပမာနိုင်ငံတကာ(InternationalNGO)ဖြစ်သောကြက်ခြေနီ၊SavetheChildren၊OXFAM၊Care၊
စသည်တို့သည်များပြားလွန်းသောအရင်းအမြစ်များ၊ဖွံ့ဖြိုးပြီးနိုင်ငံများ၏နိုင်ငံရေးအရထောက်ခံပေးမှုနှင့်အဆင့်အတန်းမြင့်မားစွာရပ်တည်နိုင်စွမ်းရှိမှုများစသည်တို့ကိုပိုင်ဆိုင်သည်။
အပြန်အလှန်အားဖြင့်သူတို့သည်သဘာဝတူလုပ်ငန်းများကိုလုပ်ဆောင်နေသောဒေသခံအမျိုးသားအဆင့်(International NGO)များကိုဆက်သွယ်ထောက်ခံပံ့ပိုးပေးခြင်းနှင့်
ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဒေသခံ( Local NGO)အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ရန်ပုံငွေထောက်ပံ့ပေးကမ်းခြင်း၊သီးခြားကိစ္စရပ်များအပေါ်အတူပူးတွဲဖြေရှင်းခြင်းနှင့်ကွန်ယက်သဖွယ်
ဆက်သွယ်လုပ်ကိုင်နေခြင်းတို့ကိုလုပ်ကိုင်ကြသည်။မတူကွဲပြားသော(NGO)များကိုဥပဒေကြောင်းအရခြားနားစွာရှုမြင်နိုင်သည်။ဥပမာအားဖြင့်သက်ဆိုင်ရာအစိုးရကထောက်ပံ့ထားသော
(NGO)များတွင်အဖွဲ့ဝင်ဦးရေနှင့်ဖွဲ့စည်းပုံကိုတိကျစွာပုံဖော်ထားနိုင်ပြီးအစိုးရအရာထမ်းများကစီမံခန့်ခွဲမှုဘုတ်အဖွဲ့တွင်ပါဝင် တာဝန်ခံထားနိုင်သည်။ကမ္ဘာအနှံ့တဆက်တစပ်တည်း ပျံ့နှံ့တည်ရှိသော(NGO) အဖွဲ့အစည်းများသည်(ဥပမာ- ဂျပန်အစိုးရ၏(JICA)၊ဂျာမဏီအစိုးရ၏(SBFIC- Savings Bank Foundation for International Cooperation)) ဖွဲ့စည်းပုံအရသတ်မှတ်ထားသောသီးခြားကန့်သတ်ချက်များနှင့် အညီဖြစ်ရန်လိုသည်။အထူးသဖြင့်တာဝန်ယူမှုနှင့်တာဝန်ခံမှုစွမ်းရည်ရှိခြင်းနှင့်စာရင်းအစစ်ခံနိုင်မှု စွမ်းရည်ရှိခြင်းစသည့်ကိစ္စရပ်တို့တွင်အမြဲတစေသတ်မှတ်ဘောင်တွင်ဝင်နေစေရမည်။ဤအခြေအနေသည်ထိုအဖွဲ့အစည်းကပြည်တွင်းမှ(သို့မဟုတ်)ပြည်ပမှရရှိသောရန်ပုံငွေများကို
ရှာဖွေရယူရပ်တည်နေရပါကမုချဖြစ်နေရမည့်ပုံစံမျိုး ဖြစ်သည်။အချို့သော(NGO)များသည်အခြားသောလုပ်ဖော်ကိုင်ဖက်(NGO) များနှင့်ပူးတွဲလုပ်ဆောင်စရာ ရှိသောကိစ္စရပ်များကိုအကောင်အထည်ဖော်ရာ၌ဥပဒေကြောင်းအရခိုင်မာရှင်းလင်းသောဖွဲ့စည်းပုံကိုအခြေခံထားကြစဉ်ရပ်ကွက် ကျေးရွာအခြေပြု၎င်း၏အဖွဲ့အစည်းများမှာမူပျော့ပြောင်း လွတ်လပ်စွာရပ်တည်နေနိုင်ကြသည်။(NGO)အဖွဲ့ဝင်များဆိုရာ၌အခြေခံအားဖြင့်သမဝါယမအဖွဲ့များမှာကဲ့သို့လယ်သမားများ(သို့မဟုတ်)နို့ထွက်ပစ္စည်းထုတ်လုပ်သူများ(သို့မဟုတ်)
ဆောက်လုပ်ရေးလုပ်သားများ(သို့မဟုတ်)၎င်းထက်ကျယ်ပြန့်သောအရပ်ဘက်ဆိုင်ရာ(သို့မဟုတ်)ဒေသလုံးဆိုင်ရာအုပ်စုများအဖြစ် သီးခြားစီ ဖွဲ့စည်း ရပ်တည်နိုင်ရန်အမှုဆောင် များကိုသတ်မှတ်ထားနိုင်သည်။စုစုပေါင်းအဖွဲ့ဝင် အရေအတွက်ကိုကန့်သတ်ခြင်းနှင့်အဖွဲ့ဝင် တစ်ယောက်တွင်ရှိရမည့်အရည်အချင်းကိုသတ်မှတ်ခြင်းစသည်တို့သည်စံညီ၍ တရားဝင်ဖြစ်ရမည်။(သို့မဟုတ်)တရားမဝင်ဖြစ်လျှင်လည်းရနိုင်သည်။အဖွဲ့အစည်းဆိုင်ရာအသုံးစရိတ်များကိုကာမိစေရန်အဖွဲ့အစည်းတော်တော်များများသည်အဖွဲ့ဝင်ကြေးကို
ကောက်ခံလေ့ရှိကြပါသည်။
(NGO) များ၏ရှေ့အလားအလာနှင့်အကန့်အသတ်များ
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း(NGO)များအားတူရာကောက်နုတ်ဆင်ခြင်ရန်ခက်ခဲသည်။မည်သို့ဆိုစေဖွံ့ဖြိုးပြီးနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရှိသော(NGO)များသည်ယေဘုယျအားဖြင့်
တူညီသောစိန်ခေါ်ချက် များကိုရင်ဆိုင်နေရသည်။ထိုစိန်ခေါ်ချက်များမှာထို(NGO)များ၏တာဝန်ယူမှုနှင့်တာဝန်ခံမှုများရှိခြင်း၊ပွင့်လင်းမြင်သာမှုရှိခြင်း၊ကိုယ်စားပြုခံထိုက်စွမ်းရှိခြင်းစသည့်တို့ မှအခြင်းဖြစ်အငြင်းထွက်ပေါ်ပေါက်လာလေ့ရှိသည်။(NGO)များကိုယ်တိုင်ကညီညွတ်စုစည်းမှုရှိခြင်းနှင့်တာဝန်ယူတာဝန်ခံနိုင်မှုရှိခြင်းကိုသက်ဆိုင်ရာအစိုးရထံတွင်ပြသနိုင်စွမ်းရှိ/မရှိ
အငြင်းထွက်လာလေ့ရှိသည်။နိုင်ငံအများအပြားတွင်တည်ထောင်ထားသော(NGO)များတွင်ရန်ပုံငွေကိုအလွဲသုံးသည့်ဥပမာများအထင်အရှားရှိကြသည်။တာဝန်ယူတာဝန်ခံနိုင်စွမ်းရှိခြင်းကို
နိုင်ငံတော်အစိုးရထံတွင်အဖွဲ့အစည်းမှတ်ပုံတင်ခြင်းဖြင့်ဖြစ်စေ၊နိုင်ငံတော်အစိုးရထံသို့လုပ်ငန်းအစီရင်ခံစာတင်သွင်းခြင်းဖြင့်ဖြစ်စေပြသနိုင်သည်ဖြစ်ရာထိုကိစ္စရပ်များကိုပင်ဥပဒေဖြင့်
ကြီးကြပ်မှုလျော့နည်းလျက် ရှိကြောင်းရံဖန်ရံခါတွေ့ရှိနိုင်သည်။ပုဂ္ဂလိကပိုင်(NGO) များသည်မည်သို့သောအထက် အဖွဲ့အစည်းတစ်ခုကိုမျှ၎င်း၏တာဝန်ယူမှုတာဝန်ခံမှု ကို ပြသရန်မလိုသော်လည်းသူတို့ကိုယ်တိုင်သူတို့ပြသရန်လိုသည်။ရပ်ရွာနှင့်(သို့မဟုတ်)ရပ်ရွာမှကိုယ်တိုင်ပူးပေါင်းပါဝင်လုပ်ဆောင်နေသော(NGO)များသည်ရံဖန်ရံခါပုဂ္ဂလိက
ထိမ်းချုပ်မှုအောက်သို့ရောက်ရှိသွားတတ်သလိုအစိုးရ၏ထိရောက်သောလက်လှမ်းမီထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားတတ်သည်။ထိုတာဝန်ယူတာဝန်ခံနိုင်စွမ်းရှိခြင်း၊
ကိုယ်စားပြုနိုင်စွမ်းရှိခြင်းတို့နှင့်ပတ်သက်သောပေါ်ပေါက်လာ သည့်အရေးကိစ္စများ အပြင်(NGO) အဖွဲ့အစည်းများ၏အတွေ့ရများသောပြဿနာများမှာဗဟိုထိန်းချုပ်မှု စနစ်လက်အောက်သို့ကျရောက်ရန်အလားအလာရှိခြင်း၊အလဟဿဖြစ်သွားသောထပ်ပြန်တလဲလဲဝန်ဆောင်မှုများပေးမိခြင်း၊အလွန်အမင်းကျဉ်းမြောင်းသေး
ငယ်သောအရေးကိစ္စများအတွက်အလုပ်ရှုပ်နေသောအစိုးရအဖွဲ့အစည်းသို့ခံစားမှုနှင့်ဆန္ဒစွဲအခြေပြုအကြံပေးချက်များပို့ဆောင်ခြင်း၊အဖြူ(သို့မဟုတ်)
အမဲနှစ်ခုအနက်မှတစ်ခုကိုသာဆုံးဖြတ်ပေးရမည်ဖြစ်သောအကြပ်ကိုင်သည့်နည်းလမ်းကွင်းဆက်များကိုသုံးခြင်း၊အပေါ်မှအောက်သို့သာစီမံခန့်ခွဲမှုပြုခြင်း၊
အမျိုးသားဦးဆောင်သောအခြေခံသဘောထားများသာထားရှိခြင်းနှင့်အခြားအလားတူပြဿနာတို့ဖြစ်ကြသည်။
ထိုကဲ့သို့သောသံသယများမှကင်းဝေးစေရန်နိုင်ငံအများအပြားတွင်ရှိသော(NGO) များသည်သူတို့၏အုပ်ချုပ်နိုင်စွမ်းနှင့်လုပ်ငန်းဆောင်ရွက်နိုင်စွမ်းတိုးလာအောင် ဖော်ဆောင်နိုင်မည့်စည်းမျဉ်း စည်းကမ်းများ ချမှတ်လာကြပြီးစွမ်းရည်ကိုတိုင်းတာနိုင်ရန်အတွက်အောက်ဖော်ပြပါလမ်းညွှန်ချက်များကိုလည်းချမှတ်လာ ကြသည်။
- ရည်မှန်းချက်ပန်းတိုင်ကိုဖော်ဆောင်ရာ၌ပို၍ရှင်းလင်းလွယ်ကူသိသာစေရမည်။
- ငွေရေးကြေးရေးနှင့်အခြားစီမံခန့်ခွဲမှုနည်းလမ်းစဉ်များပိုမိုတိကျလာရမည်။
- အဖွဲ့အစည်းအတွင်းရှိအဆင့်အတန်းအားလုံးတွင်လုပ်ကိုင်နေကြသောအမျိုးသားနှင့်အမျိုးသမီးများ ကိုအခွင့်အလမ်းတန်းတူရရှိစေရမည်။
- လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေရေးအတွက်ပိုမိုကောင်းမွန်လာသောလုပ်ထုံးလုပ်နည်းများချမှတ်ထား ရမည်။
- အဖွဲ့အစည်း၏လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှကိုပို၍ကောင်းမွန်သောအနီးကပ်ကြီးကြပ်လမ်းညွှန်ခြင်းနှင့်တန်ဖိုးဖြတ်အကဲခတ်ခြင်း စနစ်တို့ကျင့်သုံးလာစေရမည်။
- သတင်းအချက်အလက်များများပြားမြန်ဆန်စွာရရှိရန်လက်လှမ်းမီမှုခိုင်မာစွာထူထောင်ထားရမည်။
(NGO) များတွင်အစိုးရအဖွဲ့အစည်း၏ဝန်ဆောင်မှုများကိုပိုမိုသွက်လက်အကျိုးရှိလာစေရန်ကူညီနိုင်သည့်အလားအလာကောင်းများရှိကြသည်။ထိုဝန်ဆောင်မှုများကိုခံစားရမည့်အုပ်စုများအား
ဓမ္မဓိဌာန်ကျကျပွင့်လင်းစွာရွေးချယ်နိုင်အောင်အကူအညီပေးခြင်း၊ထိုသူများသို့ထိုဝန်ဆောင်မှုများကိုပိုမိုလွယ်ကူလျှင်မြန်၍လက်ဆုပ်လက်ကိုင်ရရှိအောင်အဖက်ဖက်မှပံ့ပိုးကူညီပေး နိုင်ခြင်းနှင့်အေဂျင်စီများမှရရှိလာသောအထောက်အကူပစ္စည်းများကိုဖြန့်ဝေရာ၌ညှိနှိုင်းဆောင်ရွက်ခြင်းစသည်တို့ကိုပြုလုပ်နိုင်ရန်လိုသည်။ထို(NGO)များသည်ဒေသခံလူထုအတွင်း
ရှိနေပြီးဖြစ်သည့်စွမ်းအားရင်းမြစ်များကိုအကျိုးရှိစွာအသုံးချနိုင်အောင်လည်းအကူအညီပေးနိုင်သည်။ဤသို့လုပ်ဆောင်ရာ၌(NGO)များကိုလူထုအတွင်းအကျိုးဆက်ကောင်းများ
စဉ်ဆက်မပြတ်ရရှိခံစားနိုင်ရန်လုပ်ဆောင်စေသည်အထိဆက်စပ်ပေးနိုင်ရမည်။ဖြစ်ပေါ်လာသောအပြုသဘောလူမှုရေးဖိအားများကိုလည်းတွန်းပို့အားအဖြစ်ဆက်စပ်
ချိတ်ဆက်ပေးရန်လိုသည်။အပျက်သဘော ဖိအားများကိုမူခံနိုင်ရည်ရှိစေရန်ကြိုတင်ပြင်ဆင်ထားပေးသင့်သည်။အချုပ်အားဖြင့်(NGO) များသည်စစ်ဆေးခြင်းနှင့်ချိန်ခွင်လျှာညှိခြင်းကို ပံ့ပိုးပေးနိုင်သော အဖွဲ့အစည်းများဟူ၍ မျှော်လင့်ခံထားရပြီး ၎င်းတို့လုပ်သော လုပ်ငန်းများသည် အာဏာအလွဲသုံးခြင်း အဆင့်အမျိုးမျိုး ကို လျော့ကျစေနိုင်ကာ လူထုကိုယ်တိုင် ကြားနာနိုင်စေရန် ဖန်တီး ပေးနိုင်စွမ်းရှိသည်ဟုလည်း ယုံကြည်ခံထား ရသည်။ အစိုးရကောင်း ဆိုသည်မှာ ၎င်းအစိုးရအဖွဲ့၏ သန်စွမ်းခိုင်မာမှုနှင့် ပြည်သူတစ်ဦးချင်းစီ၏ သန်စွမ်းမှုအကြားထိန်းညှိပေးရန်ဖြစ်ပြီးအားနည်းချိနဲ့အသာစီးမရသောအစိုးရအဖွဲ့သည်ထပ်ပြန်တလဲလဲအသိပေးသင်ကြားပို့ချခံနေကြရပြီး(အလွဲဆုံးဖြတ်
အကောင်အထည်ဖော်ခြင်း၊ အမှားကို ကြုံမှပြင်ခြင်း၊ ထပ်ဆင့်ဆိုးကျိုး သက်ရောက်မှု ကွင်းဆက်များကို မတွက် မမြင်ခဲ့၍ ထပ်ပြန်တလဲလဲ ဆင့်ကဲပြင်ရခြင်း….စသည်ဖြင့်) သူတို့အား ဆုံးဖြတ်ချက်ပြင်းပြသော၊ အလွန်တရာ လုပ်ကိုင်နိုင်စွမ်း ထက်မြက်သည့် (NGO) များကသာလျှင်အပြုသဘောဖြင့် ပံ့ပိုးနိုင်မည်။
အစိုးရအဖွဲ့များနှင့်အလှူရှင်အဖွဲ့အစည်းများက(NGO)များသို့ထောက်ပံ့မှုပေးရန်ရှိလာပါကသင့်လျော်သောသုံးသပ်လမ်းညွှန်မှုရှိရမည်။(NGO)ဆိုသည်မှာသွက်လက်တက်ကြွပြီး
အများပါဝင်သောဒေသဆိုင်ရာအခြေခံလူ့အဖွဲ့အစည်းများအဖြစ်အသိအမှတ်ပြုခံရနိုင်စေရန်ကျယ်ပြန့်သောခံယူချက်များရှိမှဖြစ်မည်။ဆင်းရဲမှုလျှော့ချရေးအတွက်သက်ဆိုင်ရာ
စွမ်းဆောင်ရည်များရှိရမည်။စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်သောသီးသန့်စွမ်းဆောင်ရည်များပိုင်ဆိုင်ရမည်။ပို၍အကျိုးသက်ရောက်မှုရှိသောလူထုဝန်ဆောင်မှုဖြန့်ဝေခြင်း
လုပ်ငန်းများ၌ပိုမိုစွမ်းဆောင်နိုင်မည်ဟုမျှော်လင့်စရာအလားအလာများထင်ဟပ်ဖော်ပြနိုင်ရမည်။(NGO)များ၌လူထုကရွေးချယ်ထားသော၎င်းတို့၏အစိုးရအဖွဲ့အစည်းနှင့်လူထုအဖွဲ့အစည်းများ အကြားမိတ်ဖက်ကောင်းများ သဖွယ်ဆက်သွယ်လုပ်ဆောင် နိုင်စွမ်း ရှိသည့်နည်းလမ်းသစ်များနှင့်ပြယုဂ်ကောင်း များကိုဖန်တီးသုံးစွဲနိုင်မှုရှိရမည်။
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ(NGO) ပုံရိပ်များ
အာရှတိုက်တွင်ရှိသော(NGO)အများစုမှာအမြဲတမ်းအဖွဲ့ဝင်စာရင်းထားရှိ၍ဖွဲ့စည်းသော(NGO)များမဟုတ်ကြပါ။ထို(NGO)များသည်သေးငယ်ပြီးတနိုင်တပိုင်ပုံစံမျိုးဖြင့်လုပ်ဆောင်ရာ၌
အစိုးရရုံးနှင့်ပုဂ္ဂလိကထောက်ပံ့သူများပါရောက်နိုင်စွမ်းမရှိသည့်အဖျားအနားဒေသမျိုးနှင့် အလုပ်မျိုးကိုဝင်ရောက်လုပ်ကိုင်လေ့ ရှိသည်။နမူနာကောင်းများမှာအောက်ပါတို့ဖြစ်သည်။
-သီရိလင်္ကာနိုင်ငံကန္ဒီမြို့တွင်ကျေးရွာရပ်ကွက်ပူးပေါင်းအဖြေရှာကာကိုယ်ထူကိုယ်ထပါဝင်ကြသည့်(NGO)ဓလေ့ဖွံ့ဖြိုးလာစေရေးအတွက်အထောက်အပံ့ဖြစ်စေရန်စာတွေ့
သင်တန်းများပေးခြင်းကိုကူညီခြင်းနှင့်လက်တွေ့ ကွင်းဆင်းအကောင်အထည်ဖော်ခြင်းအားကူညီခြင်းတို့ကို(NGO) အသွင်သဏ္ဍာန်ဖြင့်လုပ်ဆောင် နေကြသည်။
-အင်ဒိုနီးရှားနိုင်ငံ“ကံပေါင်”ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အတွက်အကောင်အထည်ဖော်နေသော(NGO)များသည်နည်းပညာအသိနှင့်အတတ်ဖြည့်စွက်ထောက်ပံ့ပေးခြင်းများကို လူထုအခြေပြုလှုပ်ရှားမှုအသွင်ဖြင့်စီမံချက်ရေးဆွဲလုပ်ကိုင်ဆောင်ရွက်နေကြသည်။
- အိန္ဒိယနိုင်ငံ၊ကမ်ပါလာမြို့တွင်လူထုစာတတ်မြောက်ရေးအတွက်(NGO) များကလူမှုကဏ္ဍ စီမံကိန်းများအကောင်အထည်ဖော်နိုင်စေရန်ဒေသအဆင့်အလိုက်၊ နိုင်ငံတော် အဆင့်အလိုက် ညှိနှိုင်း လုပ်ဆောင် နေကြသည်။
- အစိုးရနှင့်(NGO) အကြား၊(သို့မဟုတ်) ငွေကြေးအလှူရှင် နှင့်(NGO) အကြားလုပ်ငန်းပိုမိုသွက်လက်စွာအကောင်အထည်ဖော်နိုင်စေရန်အလားအလာရှိမှုကိုဆန်းစစ်ရာ၌(NGO) များကအောင်မြင်မှု ရရှိအောင်လုပ်ဆောင်လာနိုင်ခြင်းသည်ငွေလုံးငွေရင်းထောက်ပံ့မှုခံရနိုင်ရန်အတွက်သတ်မှတ်ချက်တစ်ခုပြည့်မီပြီးဖြစ်သည်။စည်းနှောင်ထားသောစာချုပ်စာတမ်းများမရှိမဖြစ်လိုအပ်လိမ့်မည်
မဟုတ်။ဤသို့အားဖြင့်(NGO)များသည်သူတို့၏လွတ်လပ်စွာရပ်တည်ခွင့်ကိုတစ်ဖက်မှစွဲမြဲစွာထိန်းသိမ်းထားနိုင်ပြီးတခြားတစ်ဖက်တွင်လည်းလူထုကတင်မြှောက်သောအစိုးရဦးဆောင်သော
ကဏ္ဍများထဲမှသူတို့အသာစီးရကျွမ်းကျင် ပိုင်နိုင်ကြသည့်ကိစ္စများကိုအကောင်အထည်ဖော်ရန်အတွက်ကူညီလုပ်ဆောင် ပေးနိုင်သည်။ဤနေရာ၌အာရှတိုက်တွင်ရှိသော(NGO) အများစုသည်လူမှုရေးနှင့်စီးပွါးရေးဆိုင်ရာဝန်ဆောင်မှုများဖြစ်သည့်သင်တန်းများပေးခြင်း၊ချေးငွေကိုသတ်မှတ်လိုအပ်ချက်များ ရှိနေသည့်သူများသို့ထုတ်ချေးခြင်း စသည့် လုပ်ငန်းများကိုလုပ်ဆောင်ရင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့်အသွင်တူလာသည်။တဖန်အမျိုးသမီးရေးရာလှုပ်ရှားမှုများ၊အာဟာရဆိုင်ရာလှုပ်ရှားမှုများ၊စာတတ်မြောက်မှုဆိုင်ရာလှုပ်ရှားမှု
များ၊လိုအပ်ချက်များရှိနေသည့်ကလေးများအတွက်လှုပ်ရှားမှုများစသည့်နယ်ပယ်တို့တွင်(NGO) များသည်သူတို့၏စီးပွါးရေးစွမ်းဆောင်ရည်နှင့်အလားတူသော အဆင့်အတန်းတစ်ခု ရှိကြောင်းကိုနိုင်ငံတော်အဆင့်ချေးငွေထုတ်ချေးနိုင်ရန်ချိတ်ဆက်ထူထောင်နိုင်ခြင်း၊လူမှုရေးရန်ပုံငွေများကိုစီမံခန့်ခွဲနိုင်ခြင်း၊အလှူငွေများရရှိပြီးရန်ပုံငွေထောင်နိုင်ရန်လုပ်ကိုင်ဆောင်
ရွက်နိုင်ခြင်း၊စသဖြင့်လုပ်ကိုင်ပြသနိုင်သည်။
အစိုးရအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများနှင့်(NGO) များအကြားဆက်နွယ်မှု
ခြုံငုံသုံးသပ်ရလျှင်အစိုးရအဖွဲ့များနှင့်(NGO)များအကြားပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှုဆိုသည်မှာသေချာစွာညှိနှိုင်းစေ့စပ်မှု၏ပြယုဂ်ဖြစ်သည်။တစ်နည်းအားဖြင့်အပြန်အလှန်
ထိန်းညှိမှုရှိခြင်းသည်ဝန်ဆောင်မှုများဖြန့်ဝေခြင်းနှင့်လူမှုစီးပွါးရင်းမြစ်များကိုသွက်လက်စွာရွှေ့ပြောင်းလုပ်ဆောင်စေရာ၌ပိုမိုကျယ်ပြန့်သောအပြောင်းအလဲများကိုရရှိလာစေပါသည်။
ထိုသို့ဖြစ်စေရန်ဖော်ဆောင်ရာ၌အစိုးရနှင့်(NGO) ဆက်သွယ်မှုသည်ထောက်ပံ့ ငွေလုံးငွေရင်းအသွင်ဆောင်ဘဏ္ဍာရေးစီမံခန့်ခွဲမှုကိုအတူတကွပြနိုင်ကြသည်။အစိုးရနှင့်(NGO) ဆက်သွယ်ချက်သည်အထူးသဖြင့်သဘောတူထားသည့်ဝန်ဆောင်မှုများဖြန့်ဝေခြင်းနှင့်လူမှုစီးပွါးရင်းမြစ်များကိုအကျိုးရှိသောပုံစံဖြင့်ရွှေ့ပြောင်းစေခြင်း၌အောက်ပါအတိုင်းမိတ်ဖက် ဆက်ဆံရေးပုံစံ(၅)မျိုးနှင့်တွေ့နိုင်သည်။
- (NGO)များသည်ရပ်ကွက်ကျေးရွာအတွင်းရှိရင်းမြစ်များရွှေ့ပြောင်းစီမံရေးနှင့်ကိုယ်တိုင်ကိုယ်ကျအဖြေရှာရေးပူးပေါင်းအကောင်အထည်ဖော်ခြင်းကိုရှေးရှုသော လုပ်ငန်းစဉ်များအတွက်ရပ်ရွာအခြေပြု အဖွဲ့အစည်းများထူထောင်ပေးခြင်းဖြင့်အထောက်အပံ့များပေး၍ ကူညီပေးနိုင်သည်။
- လုပ်ငန်းများအကြား၊ဝန်ဆောင်မှုရယူခံစားမှုများအကြားဆက်သွယ်မှုကွန်ယက်များထူထောင် ပေးနိုင်ပါ သည်။
- အစိုးရ၏နိုင်ငံလုံးဆိုင်ရာစီမံကိန်းကြီး များဖြစ်သောဖိလစ်ပိုင်ရှိ “အရပ်ဘက်အိမ်မြေရောင်းပေါင်”စီမံကိန်း၊ကိုလံဘီယာရှိ “ပုံမှန်လူ့အဖွဲ့အစည်းများ သို့ ပြန်လည် ရောက်စေခြင်း”စီမံကိန်းများ၊မိုဇံဘစ်နိုင်ငံရှိ “တည်ဆောက်ရေးစီမံချက်”စသည် တို့တွင်(NGO) များ ပါဝင်ကူညီကာ လုပ်ငန်းသွက်လက်လျှင်မြန်လာ စေသည်။(NGO) များကဝန်ဆောင်မှု ရယူခံစားနေသူများအားကွင်းဆင်းစစ်ဆေးခြင်း၊ဆရာကဲ့သို့ သုတေသနသင်တန်းများပေးခြင်းနှင့်ကြီးကြပ်သူများကဲ့သို့ အကျိုးရလာဒ်များကိုပြန်လည် သုံးသပ် စစ်ဆေးခြင်းစသည်ဖြင့်ကဏ္ဍမျိုးစုံ၊အခြေအနေမျိုးစုံ၊ပုံရိပ်မျိုးစုံဖြင့်ပါဝင်လာနိုင်ပါသည်။
- ဝန်ဆောင်မှုနှင့်ထောက်ပံ့မှုများကိုဖြန့်ဝေခြင်းဆိုရာ၌အပြန်အလှန်အားဖြင့်ဘရားဇီးရှိရပ်ရွာအစပြု ကိစ္စများ၊ယိုးဒယားရှိရပ်ရွာဖွံဖြိုးတိုးတက်ရေးအဖွဲ့အစည်းများနှင့်အဒစ်အဘာဘာ ရှိ ကျန်းမာရေး စီမံချက်များကိုလုပ်ဆောင်နေသည့်အဖွဲ့အစည်းများကို ကြည့်နိုင်သည်။
- ပေါ်လစီမူဝါဒနှင့်ပေါ်လစီကိုအကောင်အထည်ဖော်နေမည့်စီမံကိန်းများချမှတ်ခြင်းနှစ်ခုအကြားသဟဇာတ ဖြစ်လာစေရန်(NGO) ကလုပ်ဆောင်ပေးရာ၌တောင်အာဖရိကရှိလူထုမှတိုက်ရိုက် ဆွေးနွေးခွင့်ရအောင် ဖန်တီးထားသည့်စီမံကိန်းမျိုး ရှိလာစေနိုင်သည်။
- ဆက်လက်၍အစိုးရအဖွဲ့အစည်းနှင့်(NGO) အကြားတိုက်ရိုက်ဆွေးနွေးနိုင်မှုများကိုမူဝါဒနှင့်ထိုမူဝါဒကိုအကောင်အထည်ဖော်သည့်စီမံကိန်းရလာဒ်များအတွက်ဖြစ်စေရန် အထူး လုပ်ဆောင်နိုင်ခြင်း စသည်တို့ ဖြစ်သည်။
ဤသို့အစိုးရအဖွဲ့အစည်းများကယုံကြည်အပ်နှံပြီးထပ်ဆင့်တာဝန်ပေးလိုက်သည့်(NGO)များ၏ဝတ္တရားများမှာအထက်ဖော်ပြပါအတိုင်းစီမံကိန်းအများအပြားနှင့်ပတ်သက်နေကြရာ
ရံဖန်ရံခါပြဿနာများပေါ်ပေါက်လာနိုင်သည်။ပထမအချက်အနေဖြင့်ထိုရန်ပုံငွေထောက်ပံ့ ထားသောဝန်ဆောင်မှု လုပ်ငန်းများ အားလုံးကိုစီမံခန့်ခွဲရန်အတွက်မူ(NGO) များအားလုံး၌အချိန်နှင့်ကျွမ်းကျင်မှုလုံလောက်နိုင် လိမ့်မည်မဟုတ်။ထို့ပြင်ရပ်ကွက်ကျေးရွာတစ်ခုလုံး ဥဿုံဝင်ရောက်ပါလာစေနိုင်သည်အထိဝန်ဆောင်မှုလုပ်ငန်းများ ဝေငှခြင်းကို သေချာစွာလုပ်နိုင်မည်မဟုတ်။ရံဖန်ရံခါပြဿနာကိုအစိုးရဘက်ခြမ်း၌တွေ့နိုင်သည်။(NGO) တို့သည် အလွန်တရာများပြားသောအစိုးရအဖွဲ့အစည်းများနှင့်ပတ်သက်ဆက်နွယ်ရာ၌ စိတ်ပျက်ဖွယ်ကောင်းသောလမ်းညွန်ချက်အများအပြားနှင့်လုံလောက်မှုမရှိသောဆက်သွယ်ပြောဆိုချက်များထွက်ပေါ်လာလေ့ရှိသည်။ရလာဒ်အားဖြင့်(NGO)တစ်ခုသည်
နိုင်ငံတော်အဆင့်ဝန်ကြီးများနှင့်ပတ်သက်ရသောကိစ္စများတွင်ကောင်းမွန် နိုင်သော်လည်းအခြေခံကျေးရွာရပ်ကွက်များသို့ဆင်း၍ကိုယ်တိုင် ကိုယ်ကျအလုပ်လုပ်သောအခါဝိရောဓိ နှင့်ပဋိပက္ခများထွက်ပေါ်လာနိုင်သည်။ထိုနည်းတူစွာဒေသခံရပ်/ကျေးများနှင့်ဆက်ဆံရေးကောင်းမွန်နိုင်သော်လည်းဗဟိုအဖွဲ့အစည်းနှင့်ဆက်ဆံရေးတွင်ဝိရောဓိနှင့်ပဋိပက္ခများလည်း
ဖြစ်လာနိုင်သည်။အလှူရှင်အဖွဲ့အစည်းများ(သို့မဟုတ်)နိုင်ငံတော်အစိုးရအဖွဲ့အစည်းများမှရရှိသောရန်ပုံငွေကလေးများဖြင့်(NGO)များသည်သူတို့၏စွမ်းရည်ဖွံ့ဖြိုးစေရန်ပျိုးထောင်ကြ
ရသည်။အစိုးရသည်တခါတရံ(NGO) များကကြားခံပြီးလုပ်ဆောင်နေသောရေရှည်ဝန်ဆောင်မှုဖြန့်ဖြူးခြင်းအစီအမံများ၏အကျိုးသက်ရောက်မှုကိုကြည့်ရှုစစ်ဆေးရန်ခဏရပ်တန့်စေခြင်း ပြုလေ့မရှိ။(NGO)များဘက်မှလည်းစီမံချက်များ၏သစ်လွင်သမျှတုန့်ပြန်နိုင်သည့်ဖွဲ့စည်းမှုအခြေခံများသည်အစိုးရကပူးပေါင်းပါဝင်ကာဖျက်ဆီးပစ်လိုက်နိုင်သည်ဟုတွေးလာနိုင်စရာ
အကြောင်းရှိပါသည်။တစ်ဘက်ဘက်မှ အခြားတဘက်ကိုလျှိုထားသည်။ ပူးပေါင်းလုပ်ဆောင်ခြင်း မှ ရှောင်ဖယ်သည် ဟူ၍တွေးလာနိုင်ပါသည်။ထို့ကြောင့်အစိုးရနှင့်(NGO) များအကြားပုံမှန်ဆက်သွယ်မှုများနှင့်(NGO) များ၏ ပုံမှန်ဆွေးနွေး ပြောဆိုမှုများသည်အဆိုပါနှစ်ဘက်ဆိုင် သံသယများနှင့်စိုးရိမ်ထိတ်လန့်မှုများကိုကူညီဖွင့်ထုတ် ဆွေးနွေးနိုင် စေလာလိမ့်မည်။
(NGO) များကိုအထောက်အပံ့ပေးရာ၌သတိပြုရန်လိုအပ်သည့်အချက်များ
နိုင်ငံတကာထောက်ပံ့ရေးရံပုံငွေအဖွဲ့အစည်းများအပါအဝင်ပြင်ပငွေကြေးအကူအညီပေးရေးအဖွဲ့အစည်းများသည်ဖွံ့ဖြိုးဆဲနိုင်ငံများရှိ(NGO)များ၏လုပ်ငန်းများနှင့်မိတ်ဖက်အဖွဲ့အစည်း
များ၏လုပ်ဆောင်မှုများကိုထောက်ခံကြလေ့ရှိသည်။လူဆင်းရဲများသို့ဝန်ဆောင်မှုဖြန့်ဝေပေးခြင်းလုပ်ငန်းကိုအစိုးရအဖွဲ့အစည်းများ ထက်(NGO) များကပို၍လုပ်ကိုင်နိုင်သည် ဟူသောယုံကြည်ချက်ကြောင့်ဖြစ်သည်။မည်သို့ဆိုစေကာမူပြင်ပအလှူရှင် အဖွဲ့အစည်းများ၏ပါဝင်ပတ်သက်မှုသည်ရံဖန်ရံခါလုပ်ငန်းဆောင်တာပုံပျက်ခြင်းနှင့်ဒေသခံ(NGO) များ ထမ်းဆောင်ရမည့်တာဝန်ကိုရပ်ကွက်နှင့်ကျေးရွာအဖွဲ့အစည်းကဆုံးဖြတ်ပေးခြင်းထက်အလှူရှင်အကြိုက်ဆုံးဖြတ်မှုပေးခြင်းမျိုးဦးတည်ဖြစ်ပေါ်လာတတ်သည်။ထို့ပြင်ပြင်ပအလှူရှင်များ
သည်ဒေသခံ(NGO)များမှတဆင့်ဆိုင်ရာနယ်ခံအစိုးရအားဖိအားပေးရန်လည်းလုပ်ဆောင်လာတတ်သည်။(NGO)တို့၏တာဝန်ယူခြင်း၊တာဝန်ခံခြင်းနှင့်ထင်သာမြင်သာရှိခြင်းကို
ဇောင်းပေးထားသောယုံကြည်နိုင်စရာစနစ်အားလျစ်လျှူရှု၍ပြင်ပရံပုံငွေများကိုထိုနိုင်ငံတွင်းသို့သွတ်သွင်းဝင်ရောက်စေနိုင်သည်။ဒေသခံအခြေအနေများကိုဝေဖန်ပိုင်းခြားဆန်းစစ်ပြီး လုပ်ဆောင်ထားသော(NGO)များ၏ဦးစားပေးချက်များနှင့်လျော်ညီရမည့်အစားထို(NGO)များကိုပြင်ပအလှူရှင်အဖွဲ့အစည်းများကဘေးရောက်သွားအောင်လည်းဖန်တီးပေးလိုက်နိုင်
သည်။ဤသို့နည်းဖြင့်ဒေသခံ(NGO) အသေးစားများကိုနယ်ပယ် အတွင်းမှထွက်ခွာသွားစေပြီးဖြတ်စား၊လျှပ်စား(NGO)များဖွဲ့စည်း တိုးတက်လာခြင်းကိုအားပေးအားမြှောက် ပြုခြင်း၊ဒေသခံ (NGO) များအကြားမိတ်ဖက်ညှိနှိုင်း လုပ်ဆောင်သော ဓလေ့ကိုပျက်ပြား သွားစေပြီးပြိုင်ဖက်သဖွယ်ပြိုင်ဆိုင်မှုဓလေ့ကိုလည်း မွေးဖွားလာစေနိုင်သည်။
အစိုးရနှင့်အလှူရှင်အဖွဲ့အစည်းများသည်ပုံမှန်အားထည့်အလုပ်လုပ်နေသော(NGO) များနှင့်ပိုက်ဆံအသုံးပြုရန် (အသုံးပြရန်) ဖွဲ့စည်းထားသော(NGO) အတုများကိုခွဲခြားသိမြင်ရန်အထူးလိုအပ်သည်။၎င်းကိစ္စမှာ(NGO)လှုပ်ရှားမှုမှန်သမျှကိုအထောက်အပံ့ပေးရန်ဆန္ဒရှိကြသောဖွံ့ဖြိုးဆဲနှင့်အသွင်ကူးပြောင်းရေးကာလတွင်
ရှင်သန်နေရသောနယ်ခံအစိုးရဟူသမျှအမြဲရင်ဆိုင်နေရသည့်ပြဿနာဖြစ်သည်။ဆန့်ကျင်ဘက်အနေဖြင့်အစိုးရကိုယ်တိုင်ကဖြစ်စေ၊လာဘ်ယူသောအစိုးရအရာရှိများက ဖြစ်စေလုပ်ကိုင်နေသောလုပ်ငန်းများကိုမြန်ဆန်ချောမွေ့လာရန်ကြားခံပေးသူများဖြစ်သည့်(NGO)တစ်ခုခုကရံပုံငွေများကိုအလွဲသုံးသောအကြောင်းကိုသတင်းမီဒီယာတွင်
အစီရင်ခံစာပုံစံဖြင့်ဖြစ်စေ၊တခြားတနည်းနည်းဖြင့်ဖြစ်စေ ဖော်ပြလိုက်ပါကထို(NGO) ၏လှုပ်ရှားမှုတခုလုံးအားဝမ်းနည်းစရာကောင်းလောက်အောင်မယုံမကြည်ဖြစ်သွားစေနိုင်သည်။
(NGO) များ မှိုသဖွယ်အများအပြားရှိနေသောနိုင်ငံများတွင်နယ်ခံအစိုးရများသည်မြန်မြန်ဆန်ဆန် ကွင်းဆင်း စစ်ဆေးခြင်းများကိုဦးစွာလုပ်သင့်ပြီး လက်ရှိတည်နေဆဲဖြစ်သော(NGO) များအားမှတ်ပုံတင်ထားစေရမည်ဖြစ်ကာစွမ်းဆောင်ရည်ရှိသောအမှုဆောင်များနှင့်မဲပေးရွေးချယ်ထားသောဘုတ်အဖွဲ့ရှိမရှိ၊ဆီလျော်၍အမြှော်အမြင်ရှိသောဘဏ္ဍငွေကြေးစီမံခန့်ခွဲမှု
စာရင်းစစ်ခြင်းနှင့်ငွေစာရင်း ရှင်းလင်းချက်ရှိ/မရှိနှင့်(NGO)အဖွဲ့သားများအပြောင်းအလဲအဖြည့်အစွက်ရှိ/မရှိ၊အောက်ခြေအဖွဲ့အစည်းများအကြားနှင့်တန်းတူ
စင်ပြိုင်အဖွဲ့အစည်းများအကြားတွင်ထူထောင်ထားရှိပြီးဖြစ်သောဂုဏ်သတင်းကျော်ဇောခြင်း ရှိ/မရှိ၊ ပွင့်လင်းမြင်သာ အောင်အုပ်ချုပ်သည့်ခေါင်းဆောင်တို့ ရှိ/မရှိ နှင့်တကွပုံစံမတူ၊မူကွဲပြားသော(NGO) အမျိုးအစား အားလုံးနှင့်၎င်းတို့၏ဒေသဆိုင်ရာ(သို့မဟုတ်)နိုင်ငံလုံးဆိုင်ရာအဆင့်တခုခုတွင်ပါဝင်ပတ်သက်မှုအားမှတ်ချက်ပြုပြီး မှတ်ပုံတင် ထားရှိမှု ရှိ/မရှိ စစ်ဆေး၍ အလားတူမှတ်ချက်နှင့်တကွ အသေအချာ မှတ်ပုံတင်စေရမည်။ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီမံချက်များမှရသောသက်သေခံချက်များသည်(NGO) နှင့်အစိုးရ အဖွဲ့အစည်းများ၏လုပ်ငန်းပိုင်းဆိုင်ရာဖြည့်ဖက်ဖြစ်နေသောကိစ္စရပ်များဖြစ်ကြပြီးတစ်ခုကိုလေ့လာခြင်းအားဖြင့်အခြားတခုအတွက်အထောက်အပံံ့ရသည်။ထိုအဖွဲ့အစည်းနှစ်ရပ်ကြား
အပြန်အလှန် ဆက်သွယ်မှုသည်လည်းအရှိန်အဟုန်ပြင်းစွာရောယှက်ဖွဲ့တည်နေသည်။တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် သံသယဝင်ခြင်းတို့ ပြယ်လွင့်၍ တစ်ဖွဲ့နှင့် တစ်ဖွဲ့ယုံကြည်မှုနှင့်ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ထောင်ခြင်းတို့ဖြစ်လာစေရန်နှစ်များစွာအချိန်ယူလုပ်ကြရသည်။ဤနည်းအားဖြင့်လွှမ်းခြုံ (စီးပွားရေး) ရှုထောင့်အမြင်(macro perspective) ကိုကိုင်ဆောင်သော အစိုးရနှင့်အနုစိတ် (စီးပွားရေး)အမြင်(micro perspective)ကိုဖော်ကျူးနေသည့်(NGO)များ အကြား ကွဲပြားခြားနားမှုများအားအပြုသဘော ဆောင်သောညှိနှိုင်း ဆွေးနွေးမှုများ(constructive dialogue)နှင့်စေ့စပ်စုစည်းပေးခြင်းတို့ဖြင့်ရှင်းလင်း သွားအောင် ဖွင့်ထုတ်နိုင်သည်။
အစိုးရအဖွဲ့များနှင့်(NGO) များအတူပူးပေါင်းလုပ်ကိုင်ကြသည့်လုပ်ငန်းနယ်ပယ်များ
အထက်ဖော်ပြပါဂရုပြုဖွယ်ကိစ္စရပ်များမှအပ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရှိသောအစိုးရအဖွဲ့ အစည်းများ တွင်(NGO) များနှင့်နီးကပ်စွာချိတ်ဆက်၍အပြန်အလှန်ယုံကြည်မှု
တည်ဆောက်အကောင်အထည်ဖော်နိုင်သောနည်းလမ်းအများရှိပါသည်။အစိုးရအဖွဲ့အစည်းများသည်ကောင်းစွာသဘောပေါက်နားလည်လွယ်ပြီးပွင့်လင်းမြင်သာမှုရှိသောစံနှုန်းပေတံ
များကိုတည်ထောင်သုံးစွဲ၍(NGO) များတွင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စွမ်းရည်များ ရှိ/မရှိ ကိုစစ်ဆေး၍မှတ်ချက်ပေးကာ မှတ်ပုံတင် စေနိုင်သည်။အဆင့်အတန်းအမျိုးမျိုးတွင်ရှိသောအစိုးရ အဖွဲ့အစည်းများတွင်(NGO)တို့ရင်ဆိုင်နေကြသည့်ဥပဒေရေးရာနှင့်စည်းမျဉ်းကျင့်ထုံးဆိုင်ရာအဟန့်အတားများကိုလည်းကောင်း၊ဗဟိုမှအာဏာသုံး၍ချုပ်ကိုင်ခြင်း
ဓလေ့များကိုလည်းကောင်း ဖြေလျော့ခြင်းတို့ပိုပြီး လုပ်နိုင်ကာဝန်ကြီးဌာနဆိုင်ရာကဏ္ဍအသီးသီးနှင့်ဆီလျော်လျောက်ပတ်သောလမ်းညွှန်ချက်များကိုသတ်မှတ် သေချာစေပြီး(NGO) များကိုလိုက်နာစေနိုင်သည်။မက္ကစီကိုနိုင်ငံအစိုးရသည်(NGO) အဖွဲ့အစည်းများအကြားကိန်းဂဏန်းအချက်အလက်ကူးသန်းမှုများ ကိုသေချာအောင် တာဝန်ယူပေးနိုင်စွမ်း ရှိပြီး(NGO) အသေးစားများ အတွက်လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်နိုင်စေသည့်ရင်းမြစ်များသို့ရောက်လွယ်နိုင်စေရန် လမ်းညွှန်သည့် စနစ်တခု တည်ထောင် ဖွဲ့စည်းနိုင်သည်။ (NGO) အချင်းချင်းလက်သိပ်ထိုးညှိနှိုင်း၍အလွဲသုံးအမြတ်ထုတ်ခြင်းမှရှောင်ရန်နယ်သာလန်နိုင်ငံမှာကဲ့သို့အစိုးရများသည်(NGO)၏လုပ်ငန်းနယ်ပယ်များအလိုက်သတ်မှတ်ထားသည့်
ရံပုံငွေများကိုအလွှဲအပြောင်းမရှိစေဘဲသုံးစွဲစေရန် ပြုလုပ်ပေးနိုင်သည်။အချုပ်အနေဖြင့်(NGO)များ၏စွမ်းဆောင်ရည် မြှင့်တင်ပေးသောဝန်ဆောင်မှုဖြန့်ဖြူးခြင်းနှင့်အသေးစား လုပ်ငန်းစုများအပါအဝင်အမျိုးမျိုးသောစီမံကိန်းများ၌အထောက်အပံ့များကိုပံ့ပိုးပေးနိုင်သည်။သတိပြုရမည်မှာ(NGO)ဟူသည်လူထုနှင့်ဆိုင်သောဝန်ဆောင်မှုလုပ်ငန်းများကို
တာဝန်ယူလုပ်ဆောင်သော အခြေခံ အဖွဲ့များဖြစ်ရာ(NGO) တို့အားဝန်ပိသွားအောင်တာဝန်မပေးရဘဲ၎င်းတို့၏ လုပ်နိုင်ကိုင်နိုင်စွမ်းအတွက်စွမ်းအားအရင်းအမြစ်များ ပြောင်းေရွှ့သုံးစွဲခြင်း၌လွတ်လပ်မှုရှိခြင်းကိုအားနည်းသွားအောင်မလုပ်မိစေရန်သတိထားဖို့လိုသည်။(NGO)များကိုယ်တိုင်၌လည်းသူတို့၏စွမ်းအားတိုးတက်မြင့်မားရေးအတွက်
ရပ်ရွာအဖွဲ့အစည်းများ၏တာဝန်ကိုယူရာ၌လည်းကောင်း၊၎င်းနှင့်အစိုးရအဖွဲ့ကြား(သို့မဟုတ်)အခြားသောမိတ်ဖက်အဖွဲ့အစည်းများကြားအစွမ်းကုန်ပူးပေါင်းတာဝန်ယူမှုလုပ်ရာ၌
လည်းကောင်း၊လိုအပ်ချက် အများအပြား အောက်ပါအတိုင်း ရှိနိုင်ပါသည်။
- (NGO) များကပတ်သက်ရသည့်အစိုးရအဖွဲ့အစည်းအားလုံးအား ၎င်းတို့၏လွတ်လပ်ခွင့်ကိုသေချာပေါက် အနှောင့်အယှက်ပေးမည့်သူများဟုမရှုမြင်သင့်။
- (NGO) များကနိုင်ငံသားများ၏အကျိုးအမြတ်များကိုဖော်ဆောင်ရာ၌ ၎င်းတို့အချင်းချင်း(သို့မဟုတ်)အစိုးရအဖွဲ့အစည်းများနှင့်တိုက်ရိုက်ဖြစ်စေ၊တဆင့်ခံဖြစ်စေမိတ်ဖက်ပြု ဖွဲ့စည်းလုပ်ဆောင်ခြင်း အားဖြင့်အထွတ်အထိပ်သို့ရောက်စေနိုင်ကြောင်းသတိပြုသင့်သည်။
- ဆက်သွယ်ရေးစနစ် အားနည်းခြင်းနှင့်အချင်းချင်း ချိတ်ဆက်မှုအားနည်းခြင်းတို့ကြောင့်ထွက်ပေါ်လာ သောပြဿနာများကို ဖော်ထုတ်နားလည်နိုင်စွမ်း ရှိသင့်သည်။
-အပြန်အလှန်သံသယဖြစ်ခြင်းနှင့်အစိုးရအဖွဲ့အစည်းများသို့အယုံအကြည်မဲ့ခြင်း၊ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှုတာဝန်ယူမှုတို့အလျင်းမရှိသောရန်ပုံငွေသုံးစွဲခြင်းကိစ္စရပ်များကို
လုပ်နေကျသဘာဝရှိပြီး ဖြစ်သည်ဟူသောအစိုးရဌာနများ၏သဘောထားများကိုအခြေခံ၍ထွက်ပေါ်လာသောပြဿနာများ ကိုလည်းသိစွမ်းနိုင်ရမည်။
- ဖိလစ်ပိုင်နိုင်ငံတွင်(NGO) များ၏တာဝန်နှင့်ဝတ္တရားများရေးသားလိုက်နာစေသလိုဗိသုကာ ပညာရပ်နှင့်အခြားသောကျွမ်းကျင်မှုအခြေပြုအသက်မွေးဝမ်းကျောင်း အသိပညာရပ်ဆိုင်ရာ နယ်ပယ်များကို(NGO) များ ဝင်ရောက်လုပ်ဆောင်နိုင်ရန်နှင့်ကိုယ်တိုင်ပြုစုထားသောလုပ်ထုံး လုပ်နည်းများကိုနမူနာယူ၍ရေးသားထုတ်ပြန်နိုင်မှုရှိစေရန်အားပေးသည်။
- (NGO) အဖွဲ့အစည်းများ၏ပိုင်ဆိုင်သင့်သည့်ဂုဏ်ရည်များဖြစ်သောဝန်ဆောင်မှုပေးခြင်းကဏ္ဍ၊အသိပညာပေးခြင်းကဏ္ဍနှင့် အဆုံးအဖြတ်ပေးနိုင်သည့်အခွင့်အာဏာများ ပေးနိုင်ခြင်းကဏ္ဍစသည်တို့တွင်ပထမကဏ္ဍကိုအစွမ်းကုန်မြှင့်တင်ပေးခြင်းဖြင့် ကျန်နှစ်ခု၌ရှိသော(NGO) များ၏အရေးပါမှုကိုလျော့ပါးမသွားစေသင့်။
(NGO) ဟူ၍ဖွဲ့စည်းရာ၌အစိုးရအဖွဲ့အစည်းများ၏မူကွဲဖြစ်စေရန်သာပုံဖော်ထားခြင်းမဟုတ် သဖြင့်သူတို့၏အမှန်တကယ်ပုံရိပ်မှာအစိုးရအဖွဲ့အစည်းများကိုသန့်ရှင်းစေရန်၊ ပွင့်လင်းစေရန်၊တာဝန်ယူတတ်စေရန်စသောအရည်အချင်းများကိုအမြဲတမ်းထိန်းသိမ်းထားနိုင်ရန်အတွက်တွန်းအားပေးရန်ရည်ရွယ်သည်။(NGO)များကိုယ်တိုင်ကလည်း
အပြန်အလှန်လေ့လာသင်ယူစရာကိစ္စအများအပြားရှိကြပြီးနောက်(NGO) အငယ်စားများအား အထောက်အပံ့ပြုရန်တာဝန်များရှိကြသည်။ထိုသို့ထောက်ပံ့ရာ၌အရှေ့တောင်အာရှတွင် ရှိသည့်(NGO) အဖွဲ့အစည်းများမှ အဆင့်တူချင်းပူးပေါင်း ဆောင်ရွက်ခြင်း၊အထက်အောက်အဖွဲ့အစည်းကွဲများ အကြားအပြန်အလှန်ဖွဲ့စည်းညှိနှိုင်းတာဝန်ယူခြင်းတို့ ရှိစေရမည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်အကြုံပြုချက်များ
အရပ်ဘက်(လူထု)အဖွဲ့အစည်းများသည်အများပြည်သူနှင့်သူတို့၏အစိုးရကြားနှစ်ဘက်လုံးကိုရင်ဆိုင်ထိတွေ့နေရသည့်အဖွဲ့အစည်းများဖြစ်သဖြင့်နိုင်ငံ၏အုပ်ချုပ်မှုစွမ်းရည်မြင့်မား
လာစေရေးနှင့်အစိုးရဝန်ထမ်းအဖွဲ့အစည်းများကပေးနေသောဝန်ဆောင်မှုများကိုတိုးတက်ဖွံ့ဖြိုးလာစေရန်အတွက်ပါကိစ္စနှစ်ရပ်စလုံးတွင်အရေးကြီးသောကဏ္ဍ၌ရပ်တည်သည်။
အများပြည်သူဆိုင်ရာစီမံခန့်ခွဲရေးပြုပြင် ပြောင်းလဲရန် အလို့ငှာယေဘုယျလမ်းညွှန်ချက်များတွင်အောက်ပါအချက်များပါဝင်သည်။
-စနစ်တကျမှတ်ပုံတင်ဖွဲ့စည်းထားသောအရပ်ဘက်(လူထု)အဖွဲ့အစည်းများ၏အခန်းကဏ္ဍကိုပို၍စွမ်းရည်မြင့်မားလာအောင်လုပ်ဆောင်ပေးရန်လိုသည်။
ဥပမာအားဖြင့်ပညာရေးဆိုင်ရာအဖွဲ့အစည်းများတွင်ပါဝင်၍သင်တန်းလေ့ကျင့်မှုများ၌လုပ်ဆောင်ခြင်းဖြင့်ပညာရေးစီမံခန့်ခွဲမှုဆိုင်ရာအပြောင်းအလဲများအတွက်လိုအပ်သလိုအသုံးခံနိုင်
စွမ်းရှိလာစေသည်။အစိုးရဝန်ထမ်းအဖွဲ့အစည်းများနှင့်ချိတ်ဆက်လုပ်ဆောင်ရန် ကြိုးစားခြင်းအားဖြင့်အပြုသဘောဆောင်သော အပြောင်းအလဲများကိုတွန်းအားပေးနိုင်လာ သည်။
- အောက်ခြေ ဒေသစိတ်ဒေသခံများအကြားဖွဲ့စည်းထားသောအဖွဲ့အစည်းများကိုပံ့ပိုးမှုပေးရမည်။ဥပမာအားဖြင့်လယ်သမားအုပ်စုများနှင့်ပတ်သက်ရာ ဆင့်ပွားဆက်နွယ် အုပ်စုများကိုတိုက်ရိုက်ဆက်သွယ် ၍သူတို့၏စီမံခန့်ခွဲမှုစွမ်းရည်ကိုမြင့်မားလာစေရန်နှင့် အခြားစီးပွားရေးသမားများ၏အမြတ်ထုတ်အချဉ်ဖမ်းခြင်းမခံရစေရန်လည်းကာကွယ်ပေးနိုင်သည်။
- မှတ်ပုံတင်မထားသောလုပ်အားပေးအုပ်စုများ၏ခွန်အားနှင့်ကြီးထွားတိုးတက်လာမှုကိုအားပေး အားမြှေုာက်ပြုရမည်။အဘယ်ကြောင့်ဆိုသော်ထိုအဖွဲ့အစည်းများသည်ဆင်းရဲသားများအတွက်နှင့်လူရာမဝင်သူများအတွက်စင်စစ်အရေးကြီးပါသည်။
- ဓလေ့ထုံးတမ်းဆိုင်ရာအတိုင်းဖွဲ့စည်းဖြစ်ပေါ်မြဲဖြစ်သောအဖွဲ့အစည်းများ၏ကဏ္ဍကိုအသိအမှတ်ပြုပေးရမည်။
- လူထုအကျိုး ရှေးရှုသောနိုင်ငံသားများပါဝင်သည့်အုပ်စုများဖွဲ့စည်းပေါ်ပေါက်လာခြင်းအားလျှင်မြန် သွက်လက်စေရန်ကူညီပေးရမည်ဖြစ်ပြီးစီးပွားရေးသမားများဖွဲ့စည်းထားသည့် အရပ်ဘက်(လူထု) သဏ္ဍန်ဆောင်အဖွဲ့အစည်းများအားအင်အားချိန်ခွင်လျှာထိန်းညှိပေးရန်ပံ့ပိုးပေး ရမည်။
ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင်ရှိသောအစိုးရအဖွဲ့အစည်းများသည်၎င်းတို့၏(NGO) အဖွဲ့များနှင့် ၎င်း၏ဆက်ဆံရေးကိုကောင်းမွန်တိုးတက်အောင်အမှန်တကယ်လုပ်ဆောင်သင့်သည်။(NGO) များသည်အခြားသောလူထုအခြေပြုအဖွဲ့အစည်းများကဲ့သို့အမှီအခိုကင်းပြီးလုပ်အားပေးအခြေပြုဖွဲ့စည်းထားခြင်းသာမဟုတ်ဘဲစီးပွားရေးအကျိုးအမြတ်မမျှော်ကိုးပဲပြည်သူလူထု အကျိုးစီးပွားကိုရှေးရှုလုပ်ကိုင်သည့်အတွက်ကြောင့်လည်းဖြစ်သည်။ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည်(NGO)များကအစိုးရအုပ်စု၏စီမံခန့်ခွဲအကျိုးသက်ရောက်မှုကိုထိုးဖောက်စစ်ဆေးနိုင်စွမ်းရှိ
လာနိုင်သည့်အလားအလာများရှိကြောင်းအားယခုအထိသိမြင်နိုင်စွမ်းမရှိကြသေးပါ။အလားတူစွာပင်ဒေသဆိုင်ရာရင်းမြစ်များအားလျှင်မြန်သွက်လက်စွာအသုံးပြုနိုင်စွမ်းကို
မြှင့်တင်ပေးနိုင်ခြင်း၊အစိုးရ၏အာဏာကိုအသုံးပြုရာ၌စစ်ဆေးညှိနှိုင်းနိုင်စွမ်းကို ထောက်ပံ့ပေးခြင်းနှင့်ဆင်းရဲသားများနှင့်အရာမဝင် လူများအားသူတို့လိုအပ်နေသည့် “အသိနှင့်အသုံး” အားအထူး တလည် ပေးစွမ်းနိုင်ခြင်းသည်(NGO) များ၌ ရှိသည့်အလားအလာအစွမ်းအစများဖြစ်ကြောင်းကိုလည်းထိုနိုင်ငံများ၏အစိုးရများက သတိမပြုမိသေးပါ။
ထိုကဲ့သို့နိုင်ငံတော်အစိုးရများနှင့်၎င်းတို့၏အသိပညာပေးအခြေပြု(NGO)များ၏ဆက်ဆံရေးကောင်းမွန်လာစေရန်အတွက်လိုအပ်ချက်များရှိကြသည်ဖြစ်ရာထိုလိုအပ်ချက်များအတွက်
သတင်းဆက်သွယ်ရေးလိုင်းများဖွင့်ပေးခြင်းဖြင့်ထိုမတူကွဲပြားပြီးအပြုသဘောဆောင်သောအမြင်ရှုထောင့်များကိုအမှန်တကယ်နားထောင်ထည့်သွင်းစဉ်းစားနိုင်စေရမည်။ဝန်ဆောင်မှု
အခြေပြု(NGO)များသည်အစိုးရစီမံကိန်းများနှင့်ပြည်သူလူထုအတွက်ဝန်ဆောင်မှုများဖြန့်ဝေခြင်းကိစ္စရပ်များအတွက်ပုံဖော်ရာတွင်သိသိသာသာအကူအညီပေးနိုင်စွမ်းရှိကြသည်။
တနည်းတဖုံအားဖြင့်(NGO) များဆိုသည်မှာအထက်ဖော်ပြခဲ့ပြီး သည့်အခြေအနေများတွင်ဒေသစိတ်အတွင်းဖြန့်ဝေသည့်ဝန်ဆောင်မှုများနှင့်ဒေသတွင်းရင်းနှီးမြုပ်နှံမှု စီမံချက် များ၏စုစည်းညီညွတ်မှုနှင့်အကျိုးဖြစ်ထွန်းမှုမြန်ဆန်စေခြင်းကိုစူးစမ်းစိစစ်၍တပ်လှန့်ကာသတိပေးနိုင်သောဝတ္တရားရှိသည့်အပြင်ထိုသို့လုပ်ဆောင်နိုင်ရန်အတွက်လည်းတွန်းအားပေးရာ၌
အထူးအရေးပါအရာရောက်ကြသည်။(NGO)များ၏အပိုင်းကဏ္ဍ၌လည်းအထက်၌ဖော်ပြခဲ့ပြီးသည့်ဖွံ့ဖြိုးတိုးတက်မှုများကိုလိုအပ်သည်ဟုဆိုရာတွင်အပြန်အလှန်အလေးဂရုပြုမှုတစ်ခုလည်း
ပါဝင်သည်။(NGO) များသည်---
- ၎င်းတို့ရံပုံငွေများကိုသုံးစွဲရာ၌ဖြစ်စေ၊ သတ်မှတ်ထားသောလုပ်ဆောင်ချက်များကိုအကျိုးရှိ ဘောင်ဝင်အောင်လုပ်ဆောင်ရာ၌ဖြစ်စေတာဝန်ယူတာဝန်ခံမှုရှိသင့်သည်။
- လုပ်ထုံးလုပ်နည်းနှင့်လုပ်ငန်းစဉ်များတွင်ပျော့ပျောင်းလှုပ်ရှားပြောင်းလဲနိုင်စွမ်းနှင့်ကုန်ကျစရိတ်လျော့နည်းမှုအတွက် အသားပေးစဉ်းစားမှုပိုမိုလာအောင်လုပ်ဆောင်သင့်သည်။
- အကျိုးသက်ရောက်မှုနှင့်ရှုထောင့်အမြင်များကိုပိုမိုကျယ်ပြန့်စွာ နယ်ပယ် ချဲ့ထွင် အသိအမှတ်ပြုခံ နိုင်စွမ်းရှိလာစေရန်အမှန်တကယ်ဆန္ဒပြင်းပြသင့်သည်။
- သူတို့၏စီမံခန့်ခွဲမှုပုံစံသည်အခြေခံမှအထက်သို့အဆင့်ဆင့်ရောက်ရှိနိုင်စေမှုနှင့်အခြေခံလူထုကိုယ်တိုင် အမှန်တကယ် ပူးပေါင်းပါဝင်ခြင်းရှိမှုကိုပိုမိုဇောင်းပေးလုပ်ဆောင်သင့်သည်။
- အခြားသော(NGO) များနှင့်ကွန်ယက်သဖွယ်ဆက်သွယ်လုပ်ဆောင်ရန်ပိုမိုလိုလားသင့်သည်။
(NGO) များသည်အစိုးရအဖွဲ့အစည်းအတွက်အကောင်းဆုံးသောအကျိုးတူ လုပ်ဖော် ကိုင်ဖက်များ ဖြစ်လာနိုင်သည်။အထူးသဖြင့်ပို၍ဆင်းရဲမွဲတေသူများနှင့်ပို၍အရေးမပါ ဘေးရောက်နေသူအား အဖွဲ့အစည်းများ၌ပါဝင်လာစေပြီး သည့်အတွက် အပြန်အလှန် အားပြုလုပ်ဆောင်ပေးမည်ဆိုလျှင်---
- ဆိုင်ရာလူ့အဖွဲ့အစည်းကိုတက်ကြွအောင်နှိုးဆွပေးပြီးအများပူးပေါင်းပါဝင်လုပ်ဆောင်စေမှု ဟူသောလမ်းစဉ်ကိုဦးဆောင်မိတ်ဆက်ပေးနိုင်ရမည်။
- နိုင်ငံတော်အစိုးရ၏ကြီးမားကျယ်ပြန့်သောစီမံကိန်းများကိုစွမ်းရည်မြှင့်တင် လျှင်မြန်သွက်လက်အောင်လုပ်ဆောင်နိုင်သည်။
- အသွင်မတူ မူကွဲဖြန့်ဝေမှုစနစ်များကိုအစားထိုးချမှတ်လုပ်ဆောင်စေနိုင်သည်။
- နိုင်ငံတော်အစိုးရ၏စီမံကိန်းနှင့်စီမံချက်များရေးဆွဲချမှတ်ရာ၌ပံ့ပိုးမှုပေးနိုင်သည်။
- မူဝါဒဆိုင်ရာအငြင်းပွားချက်များပေါ်ပေါက်လာပါကနှစ်ဖက်သွားဆွေးနွေးမှုလုပ်ငန်းစဉ်တွင်ပူးပေါင်းပါဝင် နိုင်သည်။
အစိုးရအဖွဲ့အစည်းဘက်မှကြည့်မည်ဆိုပါကဘဏ္ဍာငွေကြေးအထောက်အပံ့ပေးရန်၊(NGO)များ၏စီမံခန့်ခွဲမှုနှင့်ကွင်းဆင်းလုပ်ငန်းဆောင်ရွက်နိုင်စွမ်းရှိမှုတို့ကိုထူထောင်ပေးရန်တို့သည်
အမှန်တကယ်အရေးကြီးသည်။(NGO)များဘက်ကမူအဆိုပါအကူအညီများကိုအစိုးရထံမှလက်ခံရာ၌၎င်းတို့ပိုင်ဆိုင်ထားသည့်လွတ်လပ်မှုအားနည်းသွားစေခြင်း၊အရေးကြီးသောရပ်
တည်ချက်သဘောထားများအားနည်းသွားစေခြင်း(သို့မဟုတ်)အစိုးရအဖွဲ့အစည်းအပေါ်တွန်းအားပေးလုပ်ဆောင်နိုင်စွမ်းရှိမှုကိုအားပျော့လာစေခြင်းတို့ကိုခွင့်မပြုရပါ။
ထိုနည်းတူစွာပင်အလှူရှင်အဖွဲ့အစည်းများမှထောက်ပံ့ရန်ပုံငွေများသည်ထိုအဆိုပါ(NGO)၏သန္နိဌာန်ချမူဘောင်တွင်းမှလုပ်ငန်းဆောင်တာများအားပုံပျက်ယိုယွင်းတိမ်းစောင်းခြင်းတို့
ဖြစ်လာစရာရှိခြင်းကိုခွင့်မပြုရပါ။ထို့အပြင်နိုင်ငံတကာအခြေစိုက်(NGO) ကြီးများနှင့်အကျိုးတူလုပ်ဆောင်သောကိစ္စရပ်များအတွက်ထိုအဖွဲ့ကြီးများကဒေသခံ(NGO) များကိုပိုမိုစွမ်းအားပြည့်ဝလာစေရန်ခွင့်ပြုထားရမည်ဖြစ်ပြီးပိုမိုမှီခိုအားကိုးမှုတိုးပွားလာစေခြင်းမရှိစေရပါ။ဖွံ့ဖြိုးဆဲနိုင်ငံများသည်ဒိန်းမတ်နှင့်နယ်သာလန်မှာကဲ့သို့သောဖွံ့ဖြိုးပြီးနိုင်ငံကြီးများ တွင်ရှိသည့် ဘက်မလိုက် ရန်ပုံငွေအစီအမံများထားရှိပုံကိုနမူနာယူစံထားပြုပြင်၍ကန့်သတ်ချက်မရှိ သလောက်ဖြစ်သောအစိုးရ၏ထောက်ပံ့ရန်ပုံငွေများကို(NGO) များအား လက်လှမ်းမီရရှိသွားအောင်လုပ်ဆောင် ပေးရမည်။ထိုသို့ လုပ်ဆောင်ရာ၌ပွင့်လင်းမြင်သာသော စံသတ်မှတ်ချက်များချထားခြင်းနှင့်နားလည်မှုစာလွှာစာချုပ် များတွင်ငွေကြေးကဏ္ဍလျှော့ထားပြိုင်ဆိုင်မှုမရှိစေရခြင်းတို့ကိုအခြေပြုရသည်။(အလှူရှင်များသည်လည်း၎င်းတို့ကပံ့ပိုးပေးရမည့်အပြင်မှလာသောထောက်ပံ့ရန်ပုံငွေများအား
တသီးတခြားသုံးစွဲစေခြင်းထက်အိမ်ရှင်အစိုးရ၏ မူလထောက်ပံ့ ငွေလုံးငွေရင်း၌ထည့်ဝင်ဖြည့်တင်းပေးနိုင်ရန်စဉ်းစားဖို့လိုသည်။)
အစိုးရအဖွဲ့နှင့် အလှူရှင်များ ဘက်မှလည်းသတိပြုသင့်သည်မှာအများပြည်သူ၏ ရံပုံငွေများအားအမြတ်ထုတ်ကိုယ်ကျိုးရှာခြင်း(သို့) ဒေသခံစီးပွားရေးသမားများ၏အကျိုးစီးပွား အတွက်လုပ်ဆောင်နေသောအယောင်ဆောင်အရပ်ဘက်(လူထု)အဖွဲ့အစည်းများသို့ထောက်ပံ့မိခြင်းတို့(၂)မျိုးလုံးမဖြစ်စေရအောင်သတိပြုလုပ်ဆောင်နိုင်ရမည်။ပြင်ပအလှူရှင်
များအနေဖြင့်(NGO) တစ်ခုသည်ဒေသခံ အစိုးရအဖွဲ့(သို့မဟုတ်) လူထုအဖွဲ့အစည်းအတွက်အသုံးချခံ၊ကြားခံတစ်ခုဖြစ်လာနိုင်စရာအညွတ်ရှိခြင်းအပေါ်သတိပြု ထားရန်လိုသည်။ထို့အတွက်(NGO) များအားကွင်းဆင်းလေ့လာ၍အကဲဖြတ်ရန်အလို့ငှါအောက်ပါအချက်များကိုအခြေပြု ပုံဖော် စစ်ဆေးနိုင်ရသည်။
- ပွင့်လင်းမြင်သာသောအုပ်ချုပ်မှုရှိ/ မရှိ၊
- ဘဏ္ဍငွေကြေးစီမံမှုတွင်စိစစ်လိမ္မာမှုရှိ/ မရှိ၊
- စာရင်းစစ်အဖွဲ့၏စစ်ဆေးခံခြင်းနှင့်စစ်ဆေးပြီးစာရင်းများကိုအများသိစေရန်တင်ပြခြင်းရှိ/ မရှိ၊
နှင့်အထူးသဖြင့်..
- အောက်ခြေ ဒေသခံများရှိအဖွဲ့အစည်းများနှင့်အဆင့်တူအခြားအဖွဲ့အစည်းများအကြားကောင်းသောဂုဏ်သတင်းကျော်ကြားမှုရှိပြီးဖြစ်/ မဖြစ်…စသည်တို့ဖြစ်သည်။
ကမ္ဘာတွင်(NGO)အပါအဝင်ဖြစ်သောအရပ်ဘက်(လူထု)အဖွဲ့အစည်းများပေါ်ပေါက်လာရခြင်း၏အကြောင်းရင်းကိုအချုပ်အားဖြင့်ပြန်လှန်ဆန်းစစ်လျှင်အရစ္စတိုတယ်ခေတ်၌
“တရားဥပဒေစိုးမိုးမှုအောက်တွင်သာတူညီမျှအတူနေကြသည့်လွတ်လပ်သောပြည်သူများ”ဖြစ်လာစေရန်အလို့ငှာရည်ရွယ်၍လုပ်ဆောင်စေရမည်ဟူသောအယူအဆတစ်ရပ်ပြန့်နှံ့လာချိန်မှ
စတင်သည်။ထိုကဲ့သို့သောပြည်သူပြည်သားဘဝသို့အရည်အချင်းပြည့်ပြည့်ဝဝရောက်ရှိရန်အလို့ငှါအကူအညီပေးရေးလမ်းပြခေါ်ဆောင်ပေးရေးအဖွဲ့အစည်းများ၊ခေါင်းဆောင်များ၊
ကူညီလှုပ်ရှားသူများ၊ပါဝင်ပူးပေါင်းလာသူများကိုလူ့အဖွဲ့အစည်းထဲရှိပြည်သူများကသူတို့၏တည်ဆဲအုပ်ချုပ်ရေးအားသဘောထားမှတ်ချက်ပြုစိစစ်ဆုံးဖြတ်ချက်ပေးပိုင်ခွင့်အထိ
နှင်းအပ်ထားပြီးဤသို့ပါဝင်ပတ်သက်လာခြင်းအားမျက်မှောက်ခေတ်တွင်ဒီမိုကရေစီဟုခေါ်သောစံညွှန်းများနှင့်တစ်လမ်းတည်းသွားနေပြီဟုဆိုရမည်ဖြစ်သည်။လူထုအများစုဆန္ဒဖြင့်
တွန်းအားပေး၍ပြင်ဆင်ပြောင်းလဲမှုများအားတော်လှန်ရေးအသွင်ဆောင်အောင်လုပ်ဆောင်ခဲ့ကြသောပြင်သစ်တော်လှန်ရေး၊ဥရောပကွန်မြူနစ်စနစ်ကိုပျက်သုဉ်းစေသည့်တော်လှန်ရေးများ
သည်အုပ်ချုပ်ရေးစနစ်တစ်ခုကိုလွှမ်းမိုးပြောင်းလဲစေသည်အထိအုပ်ချုပ်ခံလူများ၏ဆန္ဒသဘောထားများကအရေးပါလာကြောင်းသိသာထင်ရှားသည့်သမိုင်းသာဓကများဟုယူဆနိုင်သည်။
တောင်အာဖရိကမှ(Helen Suzman)၏အလိုအရယနေ့မျက်မှောက်ခေတ်ဒီမိုကရေစီကျင့်သုံးမှု၏မှတ်ကျောက်များအဖြစ်အောက်ပါအချက်(၄)
ချက်ဖြင့်နှိုင်းယှဉ်၍ဆုံးဖြတ်ချက်ချနိုင်သည်ဟုဆိုရာတွင် …..
(က) တောင့်တင်းခိုင်မာသည့်အတိုက်အခံနိုင်ငံရေးပါတီ(လွှတ်တော်တွင်း၌)တည်ရှိခြင်း၊
(ခ) တရားမျှတပြီးလွတ်လပ်(ပွင့်လင်း) သည့်တရားစီရင်ရေးစနစ်တည်ရှိခြင်း၊
(ဂ) လွတ်လပ်ပြီးသောဘက်မလိုက်သော၊အယောင်ဆောင်မဟုတ်သည့်သတင်းမီဒီယာရပ်ဝန်းရှိနေခြင်း၊နှင့်
(ဃ) တောင့်တင်းခိုင်မာသည့်အရပ်ဘက်အဖွဲ့အစည်းများ(နိုင်ငံတွင်း၌)တည်ရှိနိုင်ခြင်း၊စသည်တို့ပါဝင်သည်။
ဤသို့ဆိုပါကအရပ်ဘက်(လူထု) အဖွဲ့အစည်းများသည်အရပ်သားမိသားစုများနှင့်အုပ်ချုပ်သူနိုင်ငံတော်အဖွဲ့အစည်းကြားလစ်ဟာနေသည့်နေရာများကိုတံတားထိုးကြားခံထားသော
လူမှုရေးလုပ်ငန်းနယ်ပယ်တစ်ခုဟုယေဘုယျယူဆ၍ရသည်။ထိုအဖွဲ့အစည်းမျိုးသည်အုပ်ချုပ်သူနိုင်ငံတော်အဖွဲ့အစည်းများကဲ့သို့အမိန့်ပေးစေခိုင်းထိန်းကျောင်းနိုင်သည့်နှင်းအပ်ထားသော
အာဏာမရှိပါ။
ငွေကြေးရှာဖွေသည့်စီးပွားရေးအဓိက လုပ်ကိုင်နေသောပုဂ္ဂလိကအဖွဲ့အစည်းများကဲ့သို့အမြတ်အစွန်းရှာဖွေနိုင်သည့်ယန္တရားနှင့်
ငွေကြေးမှအပ်နှင်းထားသောအာဏာမရှိပါ။သို့တစေပြည့်သူ့အာဏာဟုခေါ်ဆိုနိုင်သောစစ်မှန်သည့်ပြည်သူ့အသံထင်ဟပ်သောကိစ္စရပ်များကိုအကောင်အထည်ပေါ်အောင်တွန်း
အားပေးနိုင်သည်။အဆိုအမိန့်တစ်ခု၏အလိုအရ“လူထု၏အာဏာသည်အာဏာရှိသည့်လူစုထက်ပို၍စွမ်းသည်”ဟူသောအချက်ကိုထောက်ရှုလျှင်စစ်မှန်သောအရပ်ဘက်
အဖွဲ့အစည်းများ၏
စစ်မှန်သောပြည့်သူ့ဆန္ဒကိုဖြည့်စွမ်းနိုင်အောင်ဖော်ဆောင်ပေးမည့်ကျွမ်းကျင်မှုပါသောလုပ်ဆောင်မှုများသည်အစိုးရအဖွဲ့အစည်းနှင့်စီးပွားရေးအဖွဲ့အစည်းများထက်မနိမ့်သောစွမ်းအင်ရှိ
သည့်အဖွဲ့အစည်းများဖြစ်လာနိုင်သည်။ဤသို့ဆိုပါကထိုအရပ်ဘက်အဖွဲ့အစည်းများသည်အဓိကအားဖြင့်မည်သို့သောပြည်သူ့တာဝန်များကိုယူမည်နည်းဟုမေးလာခဲ့လျှင်….
(၁) လိုအပ်ချက်ရှိနေသည့်လူများကိုလိုအပ်နေသည့်အခိုက်အခါအတွင်းဝန်ဆောင်မှုနှင့်ပစ္စည်းပစ္စယကူညီထောက်ပံ့ပေးခြင်း၊ အခြေခံလိုအပ်ချက်များဖြည့်ပေးခြင်းနှင့်
(၂) လူ့အဖွဲ့အစည်းတရပ်လုံး၏ပင်မအရွေ့အပြောင်းများကိုဦးဆောင်နိုင်သည့်လှုပ်ရှားမှုများလုပ်ဆောင်ပေးခြင်း၊ (သို့မဟုတ်) ဖွံ့ဖြိုးမှု၏ သော့ချက်များကို ဖော်ထုတ်သုံးစွဲလာစေခြင်း… ဟူ၍အဓိက(၂)မျိုးခွဲခြား လေ့လာနိုင်မည် ဖြစ်သည်။
အချက်(၁)နှင့်ပတ်သက်၍မည်သူတို့အားမည်သည်တို့ကိုမည်သည့်အချိန်အခါ၌မည်သို့မည်ပုံပေးမည်နည်းဟူသောကိစ္စရပ်တွင် “ရေနားနီးသောအရပ်တွင်နေသူများအားဟင်းစား ငါး ကိုမပေးဘဲပိုက်ချက်ပေး၍လိုအပ်လျှင်ပိုက်ဝေခြင်း”မျိုးကိုလည်းကောင်း၊လူဦးရေများသောဆင်းရဲသားရပ်ဝန်းတွင်ငွေကြေးအကူအညီထက်မည်သို့မည်ပုံမိသားစုအတွင်းသားဆက်ခြား စီမံကိန်းအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းသင်ကြားပေးခြင်းနှင့်အကူကိရိယာများလက်တွေ့ပေး၍သားဆက်ခြားစေခြင်းစသည်တို့သည်ယနေ့အခါအရပ်ဘက်လူ့အဖွဲ့အစည်းများ တွင်ပိုမိုပေါ်လွင်လာသော(NGO)ကဏ္ဍ၏ယေဘုယျလုပ်ဆောင်ချက်ဥပမာများဖြစ်လာသည်။အချက်(၂)နှင့်ပတ်သက်၍အပြုသဘောဆောင်သောလူမှု(စီးပွား)အပြောင်းအရွှေ့များကို ဦးဆောင်မှုပေးသည် ဟုဆိုရာ၌လူမှုစီးပွားရပ်ဝန်းနှင့်နိုင်ငံရေးရပ်ဝန်းထိတွေ့ဆက်စပ်သည့်နေရာများတွင်အုပ်ချုပ်ရေးစနစ်ကောင်းထူထောင်နိုင်ရန်သဘောထားမှတ်ချက်နှင့်
ခေါင်းဆောင်မှုနမူနာပြသချမှတ်ခြင်း၊အလုပ်အကိုင်လူ့စွမ်းအားနှင့်မြေယာအရင်းအမြစ်အသုံးချရေးဆိုင်ရာကိစ္စရပ်များ၌တည်ရှိဆဲနိုင်ငံရေးနှင့်ဆက်စပ်ပြုပြင်ပုံဖော်ပေးခြင်း၊ ပညာရေးကျန်းမာရေးနှင့်လူမှုစီးပွားအထောက်အကူများလူထုအတွင်းမှန်ကန်ပြည့်စုံစွာရောက်ရှိအောင်ဦးဆောင်မှုပေးခြင်း၊လူသားနှင့်လူ့အဖွဲ့အစည်း၏စစ်မှန်သောယဉ်ကျေးမှုစံနှုန်း တန်ဘိုးများဖြောင့်မတ်စွာတည်ရှိအောင်ဦးဆောင်မှုပေးခြင်း၊လူနှင့်လူ့အလွှာကွဲပြားခြင်းကိုမူတည်၍ခွဲခြားခံရခြင်းများလျော့နည်းပပျောက် သွားစေအောင်နေရာတကျ ဆီလျော်သောဦးဆောင်မှုပေးခြင်းတို့ကိုကျွမ်းကျင်ပိုင်နိုင်စွာနည်းလမ်းတကျအကြမ်းမဖက်ဘဲနှင့် ဆောက်ရွက်ခြင်းတို့အကြုံးဝင်သည်။ဥပမာ “patient before profit” (လူနာအဓိက၊အမြတ်အစွန်းသာမည) နှင့် “put life before profits” (အသက် ရှေ့က သွား၊ အမြတ် နောက်က လိုက်)၊ “ဧရာဝတီသည်မြန်မာပြည်အတွက်”၊ “grow more trees” (သစ်ပင်တိုးကာစိုက်ပျိုးပါ) “peace starts with me” (ကျွန်တော်ကျွန်မကငြိမ်းချမ်းမှုစ)စသည့်နီတိဆောင်ပုဒ်များကိုလူအားလုံးသတိပြုဂရုစိုက်
လိုက်နာလက်ခံကျင့်သုံးလာပြီးနောက်အလေ့အထဖြစ်လာစေပြီးယဉ်ကျေးမှုတစ်ခုအသွင်ခိုင်မာလာသည် အထိလိုအပ်သလိုသရုပ်ဖော်ပြသဆွေးနွေးအဖြေ
ထုတ်အကြံပြုခြင်းတို့ကိုကျယ်ပြန့်လာစေအောင်ကျွမ်းကျင်မှု အခြေပြုလှုပ်ရှားဆောင်ရွက်မှုများလုပ်ဆောင်ခြင်းတို့ပါဝင်သည်။
ဤသို့သောကျွမ်းကျင်မှု အားပြု လုပ်ဆောင်ရသည့်လှုပ်ရှားမှုများအတွက်ခေါင်းဆောင်မှု ကဏ္ဍမှရှိနေရမည်ဖြစ်သော(NGO)များ၏ စွမ်းဆောင်နိုင်မှုနှင့်ထိုအဖွဲ့အစည်းတစ်ခုလုံး၏
အစိတ်အပိုင်းအားလုံးစွမ်းရည်ပြည့်လာစေရန်တည်ဆောက် ပေးရမည့်တာဝန်များသည်မရှိမဖြစ်လိုအပ်သောအရည်အသွေးများပင် ဖြစ်သည်။ ထို(NGO) များ၏ဦးတည်ချက်ပန်းတိုင်များဖြစ်သည့်ဆင်းရဲမှုလျော့ပါးပပျောက်စေရန်၊သမမျှတမှုရှိစေရန်၊ကျားမကွဲပြားမှုကြောင့်အခွင့်အရေးချို့တဲ့ခြင်းမဖြစ်စေရန်စသည်တို့ကို
မျက်ခြေမပြတ်အာရုံထားရမည်ဖြစ်ပြီးတစ်ချိန်တည်းမှာပင်ဒီမိုကရေစီအင်အားစုဖြစ်သောလူထု၏အစုအစိတ်အပိုင်းငယ်များ ဖြစ်သောထိရှလွယ်သူူများ၊ဖယ်ကျဉ် ခံသူများ၊ဆင်းရဲသားများ၊
လူနည်းစုအဖွဲ့အစည်းများကိုလဲအာရုံထား၍လွတ်ကျော်မသွားစေအောင်ဆောင်ရွက်ရမည်ဖြစ်သည်။(ထိုသို့လုပ်ဆောင်ရာတွင်အစိတ်အပိုင်းငယ်များဖွံ့ဖြိုးတိုးတက်မှုအတွက်
အစိတ်အပိုင်းကြီးများ နစ်နာ မသွားစေရ)။ထိုအခြေခံဖြင့်ဆိုင်ရာလုပ်ငန်းစီမံချက်အတွက်ယုတ္တိကျသောလုပ်နည်းကိုင်နည်းမူဘောင်များကိုချမှတ်သောအခါအောက်ပါအတိုင်းအချက်(၄)ချက် လွှမ်းခြုံနေအောင်လုပ်ဆောင်နိုင်ရမည်။(NGO) လုပ်ငန်းစီမံကိန်းစီမံချက်များသည် …
(၁) လူထု၏အစစ်အမှန်အသံဖြစ်ရမည်။ (၎င်းကိုအခြေပြု၍ အကောင်အထည်ဖော်ရမည်)
(၂) စီမံချက် အကောင် အထည် ဖော်နေစဉ် လူ့အဖွဲ့အစည်းအတွင်းရှိလူထု၏စုပေါင်းစွမ်းအားတရိပ်ရိပ် မြင့်မားလာစေရမည်။
(၃) စီမံကိန်းစီမံချက်များသည်အမှန်တကယ်ဖြစ်ပျက်နေသောကိန်းဂဏန်းအထောက်အထားများအပေါ်အခြေပြုရမည်။
(၄)လှုပ်ရှားမှုယန္တရားများကိုသုံးစွဲရာ၌ဆီလျော်သလိုအရေးဆိုခြင်း၊အသိပေးခြင်း၊တင်ပြခြင်း၊ဆွေးနွေးခြင်း၊သဘောထားမှတ်ချက်အတည်ပြုပေးဖို့တောင်းခံခြင်း၊
အားလုံးပါဝင်အောင်လုပ်ဆောင်စေခြင်း၊စဉ်ဆက်မပြတ်ကြပ်မတ်ခြင်း၊တာဝန်ယူတာဝန်ခံခြင်းတို့အပါအဝင်စနစ်တကျသုတေသနအသွင်ဆောင်သောမှတ်တမ်းမှတ်ရာအခြေပြု
ဘောင်ထဲမှလုပ်ဆောင်နေရမည်ဖြစ်သည်။
ြမန်မာပြည်၏အရပ်ဘက်အဖွဲ့အစည်းများနှင့်(NGO) များဖွံ့ဖြိုးတိုးတက်လာမှုဖြစ်စဉ်ကိုလေ့လာပါကYMBA (ဗုဒ္ဓဘာသာကလျာဏယုဝအသင်း)ကိုကိုလိုနီခေတ် အစောပိုင်းတွင်တွေ့မြင်နိုင်ပြီးဆိုရှယ်လစ်ခေတ် အတွင်းBMA (ဗမာပြည်ဆရာဝန်အသင်း) ကိုဥပမာအနေဖြင့်လေ့လာနိုင်သည်။နောက်ပိုင်းသံဃာများ ဦးဆောင်သည့်မန္တလေးနာရေးကူညီမှု(ဗြဟ္မစိုရ်)အသင်း၊၎င်းမှတဆင့်“ကျော်သူ”ဦးဆောင်သည့်နာရေးကူညီမှုအသင်းနှင့်မန္တလေးမြို့ဖောင်တော်ဦးဘုန်းတော်ကြီးကျောင်းတွင်
တည်ထောင်ထားသည့်ပညာရေးဖွံ့ဖြိုးမှုအဖွဲ့အစည်းစသည်တို့သည်(NGO) အသွင်ဆောင်ထင်ရှားသောလူထုအဖွဲ့အစည်းများဖြစ်လာကြသည်ဟု ဆိုကြသည်။အခြားနိုင်ငံများတွင်အိမ်ရှင်နိုင်ငံတော်အစိုးရ၏ဘတ်ဂျက်ကိုအသုံးပြု၍ပြည်ပနိုင်ငံများသို့လူမှုရေးသက်သက်အကူအညီပေးသောအဖွဲ့အစည်းများဖြစ်သည့်JICA နှင့်CBFIC တို့ကိုလည်းနိုင်ငံတကာ(NGO)အဖွဲ့များအဖြစ်သတ်မှတ်ထားလေ့ရှိသည်။မြန်မာပြည်တွင်း၌မူအစိုးရကကမကထပြုသော၊အစိုးရ၏ရံပုံငွေဖြင့်သွယ်ဝိုက်(သို့မဟုတ်)တိုက်ရိုက်လည်
ပတ်သောပြည်တွင်း(NGO) အဖွဲ့အစည်းအချို့ကိုGONGO ( NGO အသွင်ဆောင်အစိုးရယန္တရား) ဟုပညာရှင်များကမှတ်ချက်ပြုသောအခါအမျိုးသမီးရေးရာ၊မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာပြည် လူ့အခွင့်အရေးကော်မရှင်စသည်တို့ကို(၂၀၁၅) နှစ်အထိပညာရှင်အချို့က(အားလုံးကမဟုတ်) ထိုအမျိုးအစား အဖြစ် သတ်မှတ်ပေးခဲ့ကြဘူးသည်။မြန်မာနိုင်ငံသားတရပ်လုံးကိုယ်ရောစိတ်ပါအမှန်တကယ်ပူးပေါင်းလာသော(NGO)ရှေ့ပြေးလှုပ်ရှားမှုများအဖြစ်အစိုးရဦးဆောင်ပြီးလူထုဝိုင်းဝန်းသည့်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်စာမတတ်သူပပျောက်ရေးလူထုလှုပ်ရှားမှုများ၊ လူထု ဦးဆောင်ပြီး အစိုးရနှင့် နိုင်ငံတကာက ဝိုင်းဝန်းလာသည့် (၂၀၀၈) ခုနှစ်နာဂစ်ကယ်ဆယ်ရေးလူထုလုပ်ငန်းများနှင့်(၂၀၁၀) နောက်ပိုင်းလူထုတစ်ရပ်လုံး ခြွင်းချက်မရှိထောက်ခံထားသည့် “Save the Ayeyarwady” (ဧရာဝတီကယ်ဆယ်ရေး) လှုပ်ရှားမှုများကိုစစ်မှန်သောလူထုအသံလူထုအားမာန်နှင့်ကိန်းဂဏန်း အခြေပြုမှတ်တမ်းမှတ်ရာစုနိုင်သည့်၊ချန်ထားနိုင်သည့်နမူနာများအဖြစ်သတ်မှတ်နိုင်သည် ဟုဆိုကြသည်။
ဤသို့ဖြင့် (NGO) ကဏ္ဍသည် မျက်မှောက်ခေတ် မြန်မာနိုင်ငံတော်၏ ဒီမိုကရေစီ လမ်းကြောင်း ဖော်ဆောင်ရာတွင် အရေးပါသော အဖွဲ့အစည်း၏ အင်အားစုများဖြစ်သော လူတစ်ဦးချင်းစီ၏ အရည်အသွေးနှင့် အပြန်အလှန် တည်မီနေကြောင်းနှင့် အချက်အချာ ကျသည့် တတိယလူမှုရပ်ဝန်း ဖြစ်ကြောင်း၊ ၎င်းကို တဖန် တည်မီ၍ လူ့ဘောင်တစ်ရပ်လုံး၏ အများအကျိုးပြုဖွံ့ဖြိုးမှုသည် မပြတ် စစ်မှန်စွာ ဖွဲ့စည်း ပေါ်ထွန်း လာနိုင်ကြောင်း မျှော်လင့် ရပေသည်။